မိုင်းဖြတ်မြို့နယ်၌ ​အသိပညာပေးဟောပြောပွဲ ပူး​ပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ​အသိပညာပေးဟောပြောပွဲ ပူး​ပေါင်းဆောင်ရွက်

 


မိုင်းဖြတ် ဧပြီ ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် အသိပညာပေးဟောပြောပွဲများကို စဥ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဆွပ်ပန်​ကျေးရွာနှင့် ​​ဆွပ်ပ​လောင်းကျေးရွာတို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ပူး​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆွတ်ပန်းကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ​​ဒေါက်တာ ထွန်းဇော်ဝင်းက ​တိရစ္ဆာန်များကို စနစ်တကျ​မွေးမြူနိုင်ရေး၊ ကူးစက်ရောဂါများမဖြစ်ပွား​အောင် ကာကွယ်​ဆေးထိုးနှံ​ရမည့် အ​ခြေအ​နေများကို ပညာ​ပေး​ပြောကြားခဲ့သည်။ ထို့​​နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မျိုး​ကောင်း၊ မျိုးသန့်ရရှိရန် နည်းပညာများရယူစိုက်ပျိုးရေး၊  သီးနှံများစိုက်ပျိုးရာတွင် သီးထပ်စိုက်ပျိုး​နိုင်ရေး၊  ကျွဲနွားများကို ထိန်းကျောင်းစနစ်ဖြင့် မွေးမြူနိုင်ရေး၊ ​ဆီထွက်သီးနှံများစိုက်ပျိုး​ရေးနှင့် ​ပညာ​​ပေး ဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်သစ်​တောဦးစီးဌာနမှ ​တောအုပ် ဦးဝင်းအောင်က ​ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို​ပြေလှပ​စေ​ရေးအတွက် ကာကွယ်ထိန်းသိမ်းရန်အချက်များ၊ မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုကို ​လျော့ချ​ရေး ​လိုက်နာရန်အချက်များကိုလည်း​ကောင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်​ရေးရုံးမှ လက်​​ထောက်ညွှန်ကြား​ရေးမှူး ဦးနိုင်​ကျော်က ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ​ဆောင်ရွက်​ပေး​နေသည့် အ​ခြေအ​နေများကိုလည်း​ကောင်း၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုး​ဇော်က စာဖတ်ရှိန်မြှင့်တင်​ရေး၊ ​ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ​ရေးအတွက် ​ကျေးရွာနေပြည်သူများ ပူး​ပေါင်း​ဆောင်ရွက်​ရေးတို့ကိုလည်း​ကောင်း အသီးသီး ပညာပေးပြောကြားခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအသိပညာ​ပေးပူး​ပေါင်းအဖွဲ့မှ ဆွပ်ပ​လောင်းကျေးရွာသို့ အသိပညာ​ပေးဟော​ပြောပွဲ ကွင်းဆင်း​ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)