နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ်

 

%E1%81%81%E1%81%83

နတ်မောက် ၊  ဧပြီ  ၂၅


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။                     

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းရာသီသီးနှံစိုက်ခင်းများတွင် ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးအတွက် စူပါဘိုကာရှီ မြေဆွေးများအား နတ်မောက်မြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံးကျေးရွာအုပ်စုဖြစ်သည့် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာရှိ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါ စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းဖြင့် တောင်သူများ သဘာဝမြေဩဇာတိုးချဲ့ အသုံးပြုလာစေရန်၊ မြေဩဇာဘိုးကုန်ကျမှုသက်သာစေရန်၊ တောင်သူများ လက်တွေ့လိုက်ပါပြုလုပ်လာစေရန် ယခုလိုတောင်သူအသိပညာပေး ပြုလုပ်ပြသရတာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages