မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ


နေပြည်တော်၊ ဧပြီ ၂၅

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၏ မွေးမြူရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ သုတေသန စာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရုံး အမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာ ကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ၊ စာတမ်းရှင်များတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတာဝန် ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက စားရေရိက္ခာ အသားကဏ္ဍဖူလုံမှု တိုးတက်ရေးနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ် လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံတော်အစိုးရက ဘက်စုံ ကဏ္ဍစုံမှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိ တို့ဝန်ကြီးဌာန အနေဖြင့်လည်း နည်းပညာဝန်ဆောင်မှုများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ သို့အတွက် သုတေသီများ၊ ပညာရှင် များအနေဖြင့် အဆင့်မြင့် နည်းပညာအသစ်များ လေ့လာ ဖော်ထုတ်အသုံးပြုနိုင်ရေး ကြိုးပမ်းမှုနှင့်အတူ ဆက်စပ်ဌာနများ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းပါဝင်သည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များနှင့် စာတမ်း ရှင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မွေးမြူရေးဆိုင်ရာပြခန်း ပြကွက်များကို ကြည့်ရှု အားပေးကြသည်။

အစီအစဉ် ဒုတိယပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက စာတမ်းဖတ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းဆောင်ရွက် နေမှုများနှင့် စာတမ်းဖတ်ပွဲ အကဲဖြတ်အမှတ်ပေးစည်းမျဉ်း များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စာတမ်းရှင်များက သုတေသနစာတမ်းများ တင်သွင်း ဖတ်ကြားကြပြီး တက်ရောက် လာသူများက မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားကာ စာတမ်းဖတ်ပွဲ ပထမနေ့ကို ညနေပိုင်းတွင် ရပ်နားခဲ့သည်။

စာတမ်းဖတ်ပွဲတွင် ဌာနမှ ဆောင်ရွက်လျက်ရှိသော တိရစ္ဆာန် များ မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ စစ်တမ်းများ၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ တိရစ္ဆာန် မွေးမြူမှုအခြေအနေ လေ့လာသုံးသပ်ချက်စာတမ်း၊ မျိုးဗီဇဆိုင်ရာ၊ တိရစ္ဆာန် အစာအာဟာရ ဗေဒ၊ သိုး၊ ဆိတ်မွေးမြူရေး၊ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ ရောဂါစူးစမ်းရှာဖွေထောက်လှမ်းခြင်း၊ တစ်ခုတည်းသော ကျန်းမာရေးဆိုင်ရာနှင့် ပဋိဇီဝဆေးဆိုင်ရာ သုတေသနများနှင့် သက်ဆိုင်သည့် စာတမ်းများကိုအတွေ့ အကြုံ ကောင်းရှိသူ စာတမ်းရှင်များနှင့် မျိုးဆက်သစ်လူငယ် စာတမ်းရှင်များက ဧပြီ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် စာတမ်း ၃၁ စောင်ကို ဖတ်ကြားတင်သွင်းသွား ကြမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)