မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ နှစ်သစ်နှုတ်ခွန်းဆက် သဝဏ်လွှာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ နှစ်သစ်နှုတ်ခွန်းဆက် သဝဏ်လွှာ

U%20-03

 မြန်မာသက္ကရာဇ် ၁၃၈၆-ခု၊ ဦးတန်ခူးလဆန်း ၉-ရက်၊ (၁၇-၄-၂၀၂၄)ဗုဒ္ဓဟူးနေ့ဝယ် ကျရောက်သည့် မြန်မာတို့၏ နှစ်သစ်မင်္ဂလာ နှစ်ဦးအခါသမယအတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ နှစ်သစ်နှုတ်ခွန်းဆက် သဝဏ်လွှာ


ယနေ့ဟာ ၁၃၈၆-ခုနှစ် မြန်မာ့နှစ်သစ်မင်္ဂလာ အခါသမယဖြစ်၍ ရဟန်း ရှင် လူ ပြည်သူများအားလုံး ကပ်ဘေး, ဗျသနဘေး, ဝိပတ္တိဘေးများ ကင်းဝေး၍ ကောင်းကျိုးအနန္တ သုခအထွေထွေ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း မေတ္တာလောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့ -

လွန်ခဲ့သည့် အတိတ်ကာလနှစ်များတွင် သတ္တဝါအချင်းချင်း, နိုင်ငံသားအချင်းချင်း, လူမျိုးအချင်းချင်း, ဘာသာအချင်းချင်း စသည်တို့အပေါ် မတော်မတရား လွန်ကျူးစော်ကားခဲ့ကြသည့် အတွေးအခေါ်, အပြော အဆို, အပြုအမူများကို အတိတ်မှာသာ ထားခဲ့ပြီး ၁၃၈၆-ခုနှစ် နှစ်ဦးအစ ယနေ့မှစ၍ အနာဂတ်ကာလ၌ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတို့၏ အကျိုးလိုလားသည့် မေတ္တာ၊ သနားငဲ့ညှာ ကူညီဖေးမပေးလိုသည့် ကရုဏာ၊ ဝမ်းမြောက် ဝမ်းသာ လက်ခံကြိုဆိုနိုင်သည့် မုဒိတာ၊ ခွင့်လွှတ်နိုင်သည့် ဥပေက္ခာဟူသော ဗြဟ္မစိုရ်စိတ်အား လက်ကိုင်ထား၍ ကာယကံ, ဝစီကံမြောက် ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး တည်ဆောက် ပေးကြပါဟု အထူးတိုက်တွန်းလိုပါသည်။

မြန်မာ့ လူ့အဖွဲ့အစည်းသည်လည်း မိမိတို့ ပါဝင်ပတ်သက်နေသည့် အသိုက်အဝန်း, အခြေအနေ, တာဝန် အသီးသီး ကွဲပြားစေကာမူ မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအပေါ် ကောင်းကျိုးလိုလား သည့် စိတ်ထား တူညီရမည်သာ ဖြစ်ပါသည်၊ "ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်မှ နိုင်ငံရေးသမား ပီသမည်" ဟူသော ဒဂုံတာရာ၏ အဆိုအရ အစိုးရအပါအဝင် နိုင်ငံရေးသမားအားလုံး ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်ကြပါဟု တိုက်တွန်းလိုပါသည်။

''သုခါ သံဃဿ သာမဂ္ဂီ ၊ သက်ဆိုင်ရာ အစုအဖွဲ့ အပေါင်းအစု၏ ညီညွတ်ခြင်းသည် ချမ်းသာကြောင်း၊ သမဂ္ဂါနံ တပေါ သုခေါ၊ ညီညွတ်သူတို့၏အကျင့် သို့မဟုတ် ညီညီညွတ်ညွတ် လိုက်နာကျင့်သုံးခြင်းသည် ချမ်းသာကြောင်း''ဖြစ်သည်ဟူသော မြတ်ဗုဒ္ဓဒေသနာအရ ယနေ့မှစ၍ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာ ကြီးပွားချမ်းသာဖို့ နိုင်ငံကို တာဝန်ယူထားသူ ဦးဆောင်သူများနှင့်တကွ မြန်မာနိုင်ငံသူ/ နိုင်ငံသား အားလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြပါစို့ဟုလည်း ဆန္ဒပြုတိုက်တွန်းလိုပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ကံကြမ္မာကိုလည်း မြန်မာ့ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာ စောင့်ရှောက် မည့်သူများသာလျှင် စီမံပိုင်ခွင့်ရပါစေ။ မြန်မာ့ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာ မစောင့်ရှောက် မည့်သူများ, ဖျက်ဆီးမည့်သူများ စီမံပိုင်ခွင့် မရပါစေသားဟု ဆုတောင်းပတ္ထနာ နှစ်သစ်သဝဏ်လွှာစကား ပါးအပ်ပါသည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:

Post a Comment

Donate and Support

Pages