ကျိုက်လတ်မြို့နယ်တွင် ရေယာဉ်များစည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကြပ်မတ်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ်တွင် ရေယာဉ်များစည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကြပ်မတ်စစ်ဆေး




ကျိုက်လတ် ၊   ဧပြီ  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကြပ်မတ်စိစစ်စစ်ဆေးလျက်ရှိသည်။

ထိုသို့ စစ်ဆေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးဦး‌ထွေးသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့နယ်သို့ အမ်ဗွီ-‌မြမြမွန် ရေယာဉ်ဖြင့် ဧည့်မထဆန်အိတ်များ သယ်ယူပို့ဆောင်မှုအား စစ်ဆေးခဲ့ပြီး လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးဆောင်ရွက်ရန်၊ တရား မဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ ရေယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကြပ်မတ်စိစစ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


လှိုင်မင်းအောင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)