သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြား



ရန်ကုန်၊ ဧပြီ ၁၉

ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ သိရသည်။

ယခုနှစ်သည် ယခင်နှစ်ထက် ခရီးသွားလာမှု ပိုမိုးတိုးတက်ဖွယ်ရှိပြီး သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“ခရီးသွားရာသီက ၂၀၂၃ ပွင့်လင်းရာသီ အောက်တိုဘာလကနေ သင်္ကြန်ကာလအထိ ပြန်ကြည့်ရမယ်ဆိုရင် အစပိုင်းကောင်းခဲ့တယ်။ ၁၁ လပိုင်း၊ ၁၂ လပိုင်းမှာ နည်းနည်းလေးကျသွားတယ်။ ၁၂ လပိုင်း New Year ကနေ အခုတောက်လျှောက် ခရီးစဉ်တွေ ပြန်တက်လာတာမျိုးတွေ့ရပါတယ်။

သင်္ကြန်ကာလကတော့ အများဆုံးပေါ့လေ။ အဲဒီတော့ ခရီးသွားရာသီတစ်ခုလုံးနဲ့ ပြန်ကြည့်ရင် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေ အနေနဲ့လည်း ခရီးစဉ်တွေလည်း ရောင်းချလာရတယ်။ သင်္ကြန်ကာလကတော့ ခရီးသွားရာသီတစ်ခုလုံးမှာ ခရီးသွားလာမှုအများဆုံးလို့ ပြောရ မှာပေါ့”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ယခုနှစ်သင်္ကြန်ကာလ၌ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေသို့ ခရီးသွားများခဲ့ကာကြိုတင် မှာယူမှသာ ဟိုတယ်အခန်းများ ရရှိသည့်အခြေအနေ ရှိခဲ့ပြီး အခန်းမရသူများကလည်း ထပ်မံထွက်ပေါ်နေ သည့် ကမ်းခြေအသစ်များသို့ သွားရောက်ခဲ့ကြကာ ဘုရားဖူးခရီးစဉ်ထွက်ခွာမှု များပြားကြောင်း သိရသည်။

“သင်္ကြန်ပိတ်ရက်မှာ ခရီးသွားလာမှုက တော်တော်များခဲ့ပါတယ်။ ပြီးတော့ အခုကာလတွေမှာ အပန်းဖြေခရီးသွားနိုင်တဲ့နေရာတွေကလည်း အကန့်အသတ်နဲ့ရှိလာတော့ ချောင်းသာ၊ ငွေဆောင်၊ ကမ်းခြေတချို့နဲ့ ဘုရားဖူးလို့ရမယ့်နေရာတွေ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကလောဘက်သွားလာမှုပိုများခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ထက်စာရင်တော့ ပိုများတယ်လို့ ယူဆလို့ရပါတယ်။ ပြီးတော့ဒီနှစ်သင်္ကြန် ကာလမှာ ချောင်းသာ၊ ငွေဆောင်က ခရီးသွားလာမှုများတော့ ကြိုတင်စီစဉ်ထားတဲ့သူတွေက အခန်း တွေရကြပေမယ့် ဟိုမှာလူတွေများနေပြီဖြစ်လို့ တချို့အခန်းမရတဲ့သူတွေကတော့ ကမ်းခြေအသစ်တွေကို နေ့ချင်းပြန်ခရီးသွားတာတွေလည်း တွေ့ရပါတယ်။ ခရီးသွားကဏ္ဍမှာ အခုလက်ရှိက လုံခြုံစိတ်ချရတဲ့ နေရာဒေသတွေကို သွားလာဖို့အတွက်ရှာဖွေတဲ့အခါမှာ ခရီးစဉ်သစ်တွေလည်း တွေ့လာကြပါတယ်”ဟု ၎င်းက ပြောသည်။

ခရီးသွားကဏ္ဍတွင် ယခင်ကိုဗစ်ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးသော်လည်း ကိုဗစ်နောက်ပိုင်းကာလတွင် ခရီးသွားလာမှုတိုးလာသည့် အခြေအနေဖြစ်ကြောင်းလည်း ဦးနောင်းနောင်းဟန်က ပြောသည်။


MT

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)