စစ်ကိုင်းမြို့တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

 


စစ်ကိုင်း ဧပြီ ၆


စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကား ဆွေးနွေးပြာကြားပြီး ဦးစီးအရာရှိက “ကမ္ဘာကြီးပူနွေးလာမှု၏ အဓိကအကြောင်းရင်း”၊ “အခြားအကြောင်းရင်းများ”၊ “ အိုဇုံးလွှာဆိုသည်မှာအဘဘ်နည်း”၊ “အိုဇုံးလွှာထိခိုက်စေသော ဒြပ်ပစ္စည်းများ”၊ “ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချနိုင်မည့်နည်းလမ်းများ”၊ “ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများ”ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)