မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ယနေ့ပြန်လည်ပြေးဆွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ယနေ့ပြန်လည်ပြေးဆွဲ

 


မော်လမြိုင်၊ ဧပြီ ၁၂

မော်လမြိုင် - ရန်ကုန် ရိုးရိုးရထားနှင့် သင်္ကြန်အစုန်အထူးလေအိတ်ရထားခရီးစဉ်များ ယနေ့ ဧပြီ (၁၂) ရက် နံနက်ပိုင်းတွင် ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးကြေညာထားသည်။

ယနေ့တွင် အမှတ် (၈၂)အစုန် မော်လမြိုင် - ရန်ကုန် ရိုးရိုးရထားသည် မော်လမြိုင်ဘူတာမှ နံနက်(၈)နာရီခွဲ အချိန်ထွက်ခွာခဲ့ပြီး ရန်ကုန်ဘူတာကြီးသို ညနေ(၅)နာရီ (၄၅)မိနစ်အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ အဆိုပါ ခရီးစဉ်တွင် မော်လမြိုင်ဘူတာမှ ခရီးသည် စုစုပေါင်းဦးရေ (၁၇၀)ဦးလိုက် ပါ စီးနင်းခဲ့ကြောင်း သိရပါတယ်။

မော်လမြိုင် - ရန်ကုန် ရထားလမ်းတွင်  KNU, PDF အကြမ်းဖက်အဖွဲ့များက ခရီးသွားပြည်သူများအခက်တွေ့စေရန် ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသော်လည်း တာဝန်ရှိသူများအနေဖြင့် အချိန်နှင့်တပြေးညီ ပြင်ဆင်ဆောင်ရွက်ပြီး ခရီးသွား ပြည်သူများအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးနေလျက်ရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)