ကော့ကရိတ်မြို့ ပြန်လည်တည်ဆောက်ရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့ ပြန်လည်တည်ဆောက်ရေး








ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဟာ KNU, KNLA, PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာခြင်းကို ကာလရှည်ကြာ ခံခဲ့ရပါတယ်။ အကြမ်းဖက်အဖွဲ့တွေက ကော့ကရိတ်မြို့စောင့်တပ်ကို တိုက်သလိုလိုနဲ့ မြို့နေ ပြည်သူများရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ လျှပ်စစ်ဓာတ်အားတိုင်များ၊ ကြိုးများကို ဖျက်ဆီးတာတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြလို့ မြို့နေ ပြည်သူများ တိမ်းရှောင်ထွက်ပြေးရတဲ့ အခြေအနေမျိုးအထိ ရောက်ရှိခဲ့ပါတယ်။

ယမန်နေ့ကစပြီး မြို့ခံ ပြည်သူတွေ တိမ်းရှောင်နေရာကနေ ကိုယ့်မြို့ ကိုယ့်အိမ်ကို ပြန်လည်ဝင်ရောက်လာကြတာကို တွေ့ရပါတယ်။ 

ဒီကနေ့မှာဆိုရင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီးဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လာကြကြောင်း၊ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများအား  အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ထိခိုက်ပျက်စီးမှုများ၊ အပျက်အစီးများအား ရှင်းလင်းဖယ်ရှားခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လုံခြုံရေးအစီအမံများ စီမံဆောင်ရွက်ပေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ နေအိမ်မီးလောင်ပျက်စီးဆုံးရှုံး အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ပေးနေတယ်လို့ တွေ့ရပါတယ်။

ညနေပိုင်း ထွက်ပေါ်လာတဲ့ သတင်းဓာတ်ပုံတွေအရ KNU, KNLA, PDF ဖျက်ဆီးခဲ့တဲ့ ဓာတ်တိုင်တွေ၊ လျှပ်စစ်ကြိုးတွေကို ပြန်လည်စိုက်ထူ သွယ်တန်းနေတာကို မြင်တွေ့ရပါတယ်။

ဒါတွေကတော့ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းသွားတဲ့အခြေအနေမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ တချို့သော အကြမ်းဖက်သမားများက သိမ်းပိုက်လိုက်ပြီဆိုတဲ့ မြို့နယ်တွေမှာ အခုလို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ မလုပ်နိုင်ကြပါသေးပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၊ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ကယားပြည်နယ်အတွင်းက ဖျက်ဆီးခံရတဲ့ မြို့တွေမှာ အခုလို လုပ်ဆောင်နိုင်ပြီလား၊ မလုပ်ဆောင်နိုင်သေးဘူးလား ဆိုတာတောင် မသိရပါဘူး။ ကော့ကရိတ်မြို့မှာတော့ အကြမ်းဖက်သမားများကို ရှင်းလင်းပြီး ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်တာကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရသလို ဒေသခံ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပါစေ၊ နောက်ထပ် အကြမ်းဖက်ဘေးအန္တရာယ် ကျရောက်တာမျိုး မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုမိပါတယ်။

ဒေသခံ ပြည်သူများအနေနဲ့လည်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပြည်ဖျက်မီဒီယာတွေကနေ လုပ်ကြံဖန်တီး ရေးသားပြောဆို ဖြန့်ဝေနေသလို ပြည်သူများအပေါ် တပ်မတော်က ရက်စက်နေတာလား၊ တော်လှန်ရေးသမားအမည်ခံ KNU, KNLA, PDF အကြမ်းဖက်သမားတွေက ရက်စက်ယုတ်မာနေတာလားဆိုတာ ကွဲကွဲပြားပြား နားလည်သင့်ပြီဖြစ်လို့ ပြည်ဖျက်မိစ္ဆာတွေရဲ့ လှုံ့ဆော်ဖန်တီးမှုတွေနောက်ကို နားမယောင်ကြဖို့ ထပ်ဆင့် သတိပေးလိုပါတယ်။

ဒေသအာဏာပိုင်များအနေဖြင့်လည်း KNU, KNLA, PDF အစရှိသော အကြမ်းဖက်အဖွဲ့တွေအပေါ် ပြတ်ပြတ်သားသား လုပ်ဆောင်မှ ရမယ်ဆိုတဲ့ သင်ခန်းစာကို ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ညွှန်ကြားချက်မရလို့၊ အမိန့်မရလို့ အကြမ်းဖက်အဖွဲ့တွေကို ပြတ်ပြတ်သားသား မရှင်းလင်းဘူး။ မြို့နာရတယ်။ မြို့နေလူထု အတိဒုက္ခရောက်ရတယ်။ နောက်ထပ် ဒီလို အဖြစ်မျိုး မကြုံရလေအောင် KNU, KNLA, PDF ဘယ်လို အကြမ်းဖက်အဖွဲ့မျိုးကိုမှ မြို့ထဲရောက်မလာစေဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်တယ်လို့ ရှုမြင်ပါတယ်။ အကြမ်းဖက်အဖွဲ့များက မြို့ရွာများအတွင် ဝင်ရောက်တိုက်ခိုက်ပြီး နိုင်ပြီ၊ နိုင်ပြီလို့ အော်နေကြခြင်းဟာ ရက်ပိုင်း၊ လပိုင်းမျှသာပဲ ဖြစ်ပါတယ်။ အဲဒီ ကာလအပိုင်းအခြားလောက် အကြမ်းဖက်သမားတွေကို ဂုဏ်ဆာခွင့် ပေးလိုက်ခြင်းအားဖြင့် မြို့ပျက်၊ ရွာပျက် ဖြစ်သွားရတာကို တွက်ဆကြည့်ရင် အကြမ်းဖက်အဖွဲ့တွေကို တစ်နေ့ တစ်ရက်တောင် ဂုဏ်ဆာခွင့် ပေးလို့မရပါဘူး။ မြို့နေလူထု အခြေအနေမဲ့ အတိဒုက္ခရောက်ရတဲ့ အခြေအနေ၊ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်ရတဲ့ အခြေအနေများကို တွက်ဆပြီး ဘယ်အကြမ်းဖက်အဖွဲ့ကိုမှ အလျှော့ပေးလို့ မရပါဘူး။ 

ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် ကော့ကရိတ်မြို့ဝန်းကျင်မှာ KNU, KNLA, PDF လှုပ်ရှားနေတာ နှစ်နဲ့ချီ ကြာမြင့်နေပါပြီ။ မရှင်းဘဲ ထားသည့်အတွက် ကာလရှည်ကြာ မြို့နေလူထု အတိဒုက္ခရောက်ခဲ့ရတယ်။ အကြမ်းဖက်အုပ်စုတွေကို ရှင်းလိုက်တော့လည်း တစ်ပတ်တောင် မကြာပါဘူး။ အားလုံး ခွေးပြေး ပြေးကြရတာပဲ မဟုတ်လား။ ဒါကို ထောက်ရှုကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားများ လှုပ်ရှားနေခြင်းဟာ တာဝန်ရှိသူများက မရှင်လင်းခြင်းကြောင့် ဖြစ်ပါတယ်။ ရှင်းလင်းတဲ့အခါ တစ်ပတ်တောင် ခိုကပ်မနေနိုင်ပါဘူး။ အကြမ်းဖက်သမားတွေ ပြေးကြရတာပဲ မဟုတ်ပါလား။

ဒေသခံပြည်သူများအနေနဲ့ကလည်း အကြမ်းဖက်သမား ကိုယ့်မြို့၊ ကိုယ့်ရွာကို ကပ်လာတဲ့အခါ အာဏာပိုင်များအနေနဲ့ ပြတ်ပြတ်သားသား ရှင်းလင်းဆောင်ရွက်ဖို့ အရေးဆိုကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အတိဒုက္ခရောက်ရတာ အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေ မဟုတ်ပါဘူး။ အကြမ်းဖက်သမားများက အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိသူများကို ထိခိုက်အောင် မတိုက်ခိုက်နိုင်ပါဘူး။ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ပြီး ဂုဏ်ဆာကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မြို့၊ ကိုယ့်ရွာကို အကြမ်းဖက်သမားတွေ ကပ်လာပြီဆိုရင် နှုတ်ဆိတ်မနေကြဘဲ တာဝန်ရှိသူများအနေနဲ့ အများပြည်သူ အတိဒုက္ခမရောက်စေဖို့၊ အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား ရှင်းလင်းပေးဖို့ အရေးဆိုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)