မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ကျေးရွာရွေးချယ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ကျေးရွာရွေးချယ်ပွဲ အခမ်းအနား ကျင်းပ

%E1%81%81%E1%81%89


မိတ္ထီလာ ၊ ဧပြီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART Village) နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်း​ငြိမ်းဝင်းက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ကို ကျေးရွာ (၁၄) ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁)ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART Village) (၁) ရွာနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) ကျေးရွာ(၁)ရွာ  အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျေးရွာ၊ နယ်မြေတည်ငြိမ်အေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ကျေးရွာ၊ စည်းလုံးညီညွတ်သော ကျေးရွာများကို ဦးစားပေး ရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းတင်ပြသည်။


ထို့နောက် ကျေးရွာရွေးချယ်ပွဲ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိတ္ထီလာမြို့နယ်အတွင်း ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာ (၁၄)ရွာ၊  မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၁)ရွာ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (SMARTVillage) (၁) ရွာနှင့် ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ကျေးရွာ(၁)ရွာကို တည်ပြုရွေးချယ်‌ပေးခဲ့ကြကြောင်း သိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages