အမျိုး ဘာသာ သာသနာအကျိုး သယ်ပိုးသူ (သို့မဟုတ်) ကိုကရင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုး ဘာသာ သာသနာအကျိုး သယ်ပိုးသူ (သို့မဟုတ်) ကိုကရင်


အမျိုးသားရေးထဲက ကိုကရင် ကို အစောပိုင်းက သိချင်မှ သိကြလိမ့်မယ်။ NLD အစွန်းရောက်တွေက ငါ့နဲ့မတူ ငါ့ရန်သူလို သဘောထားပြီး ကိုကရင် ရဲ့ မျက်နှာမှာ (စစ်ခွေး) (၅၀၀၀ စား) ဆိုတဲ့ စာသား တက်တူးတွေ ထိုးလိုက်ချိန်မှာတော့ အားလုံး သတိပြုမိကြပါလိမ့်မယ်။

ကိုကျော်ကြီး (နီပိန်း ပဒက် အကြမ်းဖက်သမားများသတ်လို့ သေဆုံး)၊ ကိုရဲစိုး (နီပိန်း ပဒက်များက နေအိမ်ကို ဖျက်ဆီးလို့ တိမ်းရှောင်နေရသူ)၊ ကိုကရင် တို့ဟာ လှိုင်လူငယ်အနေနဲ့ လှိုင်မြို့နယ်အတွင်း သာရေး၊ နာရေး ကိစ္စတွေမှာလည်း လုပ်ဆောင်သလို အမျိုး ဘာသာ သာသနာအတွက်လည်း ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တရားပွဲတွေ တခေတ်ဆန်းချိန်မှာ လှိုင်မြို့နယ်မှာ လှိုင်လူငယ်နဲ့ ကာယကံမေတ္တာအဖွဲ့တွေက တရားပွဲတွေကို အခမဲ့ လိုက်လံရိုက်ကူးပြီး တရားဓမ္မတွေ ဖြန့်ဝေပေးတဲ့ အလုပ်တွေကို အစောပိုင်းကတည်းက လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

နောက်ပိုင် ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေက လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖန်တီးလာချိန်မှာ ကျွန်တော်တို့ လူငယ်တွေကလည်း အမျိုးသားရေးအဖွဲ့တွေ ဖွဲ့စည်းလှုပ်ရှားလာသလို ရခိုင်အမျိုးသားရေးအဖွဲ့တွေနဲ့ လက်တွဲပြီး လူမျိုးလိမ်ပြဿနာဖန်တီးသမျှကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကိုကရင်တို့အဖွဲ့နဲ့ ကျွန်တော်တို့ စတင်လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။

ကျွန်တော်တို့ မလှုပ်ရှားမီ လူကြီးပိုင်းက အမျိုးသားရေးဆောင်ရွက်သူတွေ လုပ်တဲ့ကိစ္စတွေမှာလည်း သူတို့ ပါဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နောက်ပေါက် လူငယ်အမျိုးသားရေးသမားလေးတွေ တက်လာတော့လည်း သူတို့က တည့်မတ် ထိန်းကျောင်းပြီး စင်ပေါ်တင်ပေးခဲ့ကြတယ်လို့ ပြောရင်လည်း မမှားပါဘူး။ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသားရေးလှုပ်ရှားမှုဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ စေ့စော်မှုကြောင့် မဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးပဋိပက္ခနဲ့အတူ အမျိုးသားရေးအသိရှိတဲ့ လူငယ်တွေ စုဖွဲ့ကြရင်းက အမျိုးသားရေးလှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တန်း ပြောရင် အမျိုးသားရေးဦးဆောင်ဆရာတော်များနဲ့ တကယ့် ထဲထဲဝင်ဝင် ရှိတာက လှိုင်လူငယ်အဖွဲ့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်တဲ့ကိစ္စတွေ လမ်းမမှားရအောင်၊ မတိမ်းစောင်းရအောင် လှိုင်လူငယ်အဖွဲ့က အကိုတွေက ချိတ်ဆက်ဆောင်ရွက်ပေးပြီး လုပ်သင့်တဲ့ကိစ္စမှန်သမျှ သူတို့ဘက်က ကူညီဖို့ အဆင်သင့်ပါပဲ။ 

သမ္မတကြီး ဦးသိန်းစိန်လက်ထက် အမျိုးသားရေးလှုပ်ရှားဆောင်ရွက်မှုတွေထဲက အမှတ်တရရှိတဲ့ ဆောင်ရွက်ချက်တွေမှာ ဆိုရင် အိုအိုင်စီအဖွဲ့ မြန်မာပြည်လာမယ်ဆိုတာကို လေယာဉ်ကွင်းရှေ့မှာ ကန့်ကွက်ရာကနေ အမျိုးသားရေးလူငယ်များ စုစည်းမိခဲ့ကြခြင်း ဖြစ်ပါတယ်။ 

နောက်တော့ အမျိုးသားရေးပါတီတစ်ခုက ခိုးဝင်ဘင်္ဂါလီများကို လူမျိုးလိမ်နာမည်နဲ့ ပြောနေတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောနေတဲ့အပေါ်မှာ ကန့်ကွက်ရှုတ်ချဖို့ စည်းဝေးတိုင်ပင်ကြပါတယ်။ အဲဒီမှာလည်း အမျိုးသားရေးလူငယ်တွေအားလုံးကို ပေါင်းစည်း ဆောင်ရွက်ခဲ့ကြပါတယ်။ ခေါင်းစဉ်က "တိုင်းရင်းသား ၁၃၅မျိုး ထပ်တိုးဖို့အကြံ ဒို့လက်မခံ" ဆိုတဲ့ ဦးတင့်လွင် (နီပိန်း ပဒက်များ လုပ်ကြံသတ်ဖြတ်လို့ သေဆုံးခဲ့ရသူ) ပေးခဲ့တဲ့ အမည်ဖြစ်ပါတယ်။ အဲဒီ ပွဲမှာကတည်းက လှိုင်လူငယ်အဖွဲ့က စက်တွေအသုံးပြုပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

နောက်တော့ ကျွန်တော်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် က ဦးဆောင်သူများရဲ့ အစီအစဉ်နဲ့ ပြည်ဖျက်ပါတီ NLD က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ပယ်ဖျက်ရေး ကြိုးပမ်းလာတဲ့အခါ ကျွန်တော်တို့တွေက "အမျိုးသားရေးရှုထောင့်မှ ကာကွယ်ရမယ့် ပုဒ်မ ၅၉(စ)" ခေါင်းစဉ်နဲ့ တာမွေမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ လုပ်ခဲ့ကြပါတယ်။ အဲဒီ ပွဲက NLD နဲ့ အမျိုးသားရေး ထိပ်တိုက်တွေ့ပြီး အန္တရာယ်များတဲ့ ပွဲဖြစ်ပါတယ်။ လှိုင်လူငယ်အဖွဲ့က ကိုကျော်ကြီး၊ ကိုရဲစိုး၊ ကိုကရင် နဲ့ လူငယ်တွေ ပွဲအစ စတိတ်စင်လုပ်တာကအစ Audio၊ ရိုက်ကူးရေး အားလုံးဆောင်ရွက်ပေးခဲ့ပါတယ်။ ဗိုလ်စိန်မှန်ကွင်း ဘေးပတ်လည်က နီပိန်းတွေချည်းဖြစ်ပြီး ကျွန်တော်တို့ ဗိုလ်စိန်မှန်းကွင်းမှာ လုပ်သမျှ တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ ပြဿနာရှာတတ်ကြပါတယ်။ အဲဒီပွဲမှာ အဆိုးဆုံးပါပဲ။

နောက်တစ်ခါ မြန်မာပြည်ကို လာမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီ က ဘင်္ဂါလီကို လူမျိုးလိမ်နာမည်အော်ပြီး လာပြန်တော့လည်း ကန့်ကွက်ကြရပြန်ပါတယ်။ အဲဒီပွဲမှာတော့ ဟောပြောသူထဲမှာ ဆရာတော်ဦးဝီရသူ၊ ဆရာတော်ဦးပါမောက္ခတို့ ပါဝင်ပြီး ဆရာတော်ဦးဝီရသူ က ရန်ဟီးလီကို -ာသည်မ လို့ ပြောလိုက်တဲ့ စကားလုံးဟာ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖြစ်သွားခဲ့ပါတယ်။

အမျိုးသားရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်သမျှ ပွဲတိုင်း လှိုင်လူငယ်အဖွဲ့က Audio၊ ရိုက်ကူးရေးနဲ့ ပိုက်ဆံ ရှိရင်ပေး၊ မရှိရင် မပေးနဲ့။ အခွေတွေလည်း ထုတ်ပြီး ဖြန့်ဖြူးပေးပါသေးတယ်။ နောက်တော့ ရွေးကောက်ပွဲ ကျင်းပခါနီး သံလျှင်မြို့နယ်၊ ဒါရကာမှာ မွတ်စလင်တွေက မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်ညီလာခံ လုပ်မယ်ဆိုလို့ ကန့်ကွက်ကြရပါသေးတယ်။ အဲဒီကိစ္စမှာ တခြားသူတွေက ဝက်သားနဲ့ ဝါးရင်းတုတ် အစီအစဉ်လုပ်ကြပါတယ်။ ကျွန်တော်တို့ကတော့ သံလျှင် ကျိုက်ဒေးယျုံစေတီတော်ဇောင်းတန်းမှာ ကန့်ကွက်ပွဲ လုပ်ကြပါတယ်။ အဲဒီပွဲမှာလည်း ကုလားတွေက ပွဲဖျက်မယ့်ကောင်တွေ လွှတ်လိုက်လို့ ပြဿနာကြုံခဲ့ရပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ ရခိုင်၊ ဗမာအမျိုးသားရေး လှုပ်ရှားမှုဟာ ညီညွတ်ပါတယ်။ အမျိုးသားရေး ဦးဆောင်ဆရာတော်များရဲ့ လမ်းညွှန်မှုအောက်မှာ ရခိုင်ပြည်အတွက်ဆိုရင် အမျိုးသားရေးညီအစ်ကို မောင်နှမများက တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိခဲ့ကြပါတယ်။

အမျိုးသားရေးမှာ အစဉ်တစိုက် ပါဝင်ခဲ့တဲ့ လှိုင်လူငယ်အဖွဲ့က အစ်ကိုတွေကို နီပိန်းတွေက သတိပြုမိပါတယ်။ နီပိန်းတွေ အာဏာလက်မဲ့ဖြစ်ပြီး ခွေးရူးပြန်ချိန်မှာ လှိုင်လူငယ်အဖွဲ့က အစ်ကိုများဟာ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ နိဒါန်းမှာ အစချီခဲ့သလိုပါပဲ။ ကိုကျော်ကြီး ကို နီပိန်း ပဒက်များက ချောင်းမြောင်း သတ်ဖြတ်ခဲ့ကြတယ်။ ကိုရဲစိုး ရဲ့ နေအိမ်ကို နီပိန်း ပဒက်များက ဖျက်ဆီးလို့ တိမ်းရှောင်နေရတယ်။ ကိုကရင် ကိုတော့ နီပိန်း အကြမ်းဖက်သမားများက ဖမ်းဆီးပြီး မျက်နှာမှာ ၅၀၀၀ စား၊ စစ်ခွေး လို့ တက်တူးထိုးခြင်း ခံရပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့ ကောင်တွေကို အမှုဖွင့်တော့ ရဲစခန်းက ဝါးတားတား လုပ်နေလို့ ကိုကရင်နဲ့အတူ ကိုစည်သူ လိုက်သွားပြီး မြို့နယ် မစဖ ကို သွားတိုင်ခဲ့ရပါတယ်။

ကိုကရင် ဟာ မူလက အိမ်စီးပွားရေးအတွက် အချိန်မပေးရပါဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ ထောက်ပံ့မှုနဲ့ သူက ပရဟိတ၊ အမျိုးသားရေးဘက်မှာပဲ အချိန်ပေးပြီး လုပ်နိုင်ပါတယ်။ အခုတော့ တိမ်းရှောင်နေရင်းက မိသားစုဝမ်းရေးအတွက် ထီရောင်းနေပါတယ်။ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားမှု စတင်ပါပြီဆိုကတည်းက ခင်ရာဆွေမျိုးပါပဲ။ အပြန်အလှန် ဖေးမကူညီမှုနဲ့ လက်တွဲဆောင်ရွက်ခဲ့ကြရာမှာ လှိုင်လူငယ်အဖွဲ့က အစ်ကိုတွေက ရှေ့မထွက်ပါဘူး။ ကျွန်တော်တို့ ပြောတာဆိုတာ မမှားရအောင် သတိပေးသင့်တာ ပေးတယ်။ တားမြစ်သင့်တာ တားတယ်။ ဒီလိုနဲ့ ထိန်းကျောင်းခဲ့ကြသူတွေပါ။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ အမျိုးသားရေးလုပ်တာ၊ လူမျိုးလိမ်အမည်ကို ကန့်ကွက်တာ တရားစွဲ မခံရဘူး။ ထောင်မကျခဲ့ပါဘူး။ NLD အစိုးရတက်လာပြီး အမေရိကန် သံရုံးက ဘင်္ဂါလီကို လူမျိုးလိမ်အမည်တပ်ပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ရာမှာတော့ ဆရာတော်ဦးပါမောက္ခနဲ့အတူ ကျွန်တော်တို့အဖွဲ့က လူတွေ ထောင်ချခံရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပါတယ်။ အမှုတွေက များသွားတော့ ခြေကျင်းနဲ့ တရားရုံးထွက်ရတဲ့ အဖြစ်မျိုးလည်း ကြုံခဲ့ပါတယ်။ အဲဒီလို ကျွန်တော်တို့တွေ ထောင်ထဲရောက်နေစဉ်မှာ မိသားစုအတွက် ညီရင်းအစ်ကိုပမာ စိတ်ဓာတ်နဲ့ ကူညီစောင့်ရှောက်ပေးခဲ့တာလည်း လှိုင်လူငယ်အဖွဲ့က အစ်ကိုတွေပါပဲ။

လှိုင်လူငယ်အဖွဲ့က အစ်ကိုတွေက နီပိန်းတွေ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်လာချိန်မှာ အဓိက ပစ်မှတ်ဖြစ်ပြီး အတိဒုက္ခမျိုးစုံ ကြုံခဲ့ရတယ်။ ကိုကရင်တို့ မိသားစု ကိုယ့်အိမ်ကိုယ့်ယာကို ပစ်ထားပြီး တခြားတနေရာမှာ ငှားရမ်းနေထိုင်ကြရတယ်။ ဝမ်းရေးအတွက် ထီရောင်းပြီး ဖြေရှင်းနေရတယ်။ 

အကိုကြီး ကိုကရင်ရေ အဆိုးတွေ ကြုံပြီးရင် အကောင်းတွေ ဖြစ်လာမှာပါ၊ ကံအကြောင်းမလှလို့ နီပိန်း ပဒက်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ရသည့်တိုင်အောင် ညီရင်းအစ်ကိုပမာ စိတ်ဓာတ်နဲ့ပဲ ရှေ့ခရီး ဆက်ကြသေးတာပေါ့။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)