ကြံခင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ



ကြံခင်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (မြို့နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ အချိန်က (အ.ထ.က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်စေရေးအတွက် နိုင်ငံတော်မှ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်ဌေးဌေးက အမှာစကား ပြောကြားပါသည်။

ဆက်လက်ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သော အထက်တန်းပြဆရာမဒေါ်နှင်းချယ်ရီဖြိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်၊ မြို့နယ်အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က နိဂုံးချုပ် အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ မြို့နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးသိန်းတန်၊ မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းကြီးကြပ်နှင့် နည်းပြဆရာ/ဆရာမများ တက်ရောက်ကြကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းစခန်း(၁၄)ခုရှိပြီး စာသင်သား(၂၁၁)ဦးအား သင်တန်းကြီးကြပ်(၁)ဦး၊ နည်းပြ(၁၄)ဦးနှင့် တက္ကသိုလ်မှ လုပ်အားပေးဆရာတစ်ဦးတို့ဖြင့် ဧပြီ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (မြို့နယ်အဆင့်) နည်းပြသင်တန်းပို့ချရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်က "စာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက "စာသင်သားပြည်သူများ၏ လူမှုဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးခေါင်းစဉ်နှင့် "ယာဉ်အန္တရာယ် လျော့နည်းပပျောက်ရေး အသိပညာပေး" ခေါင်းစဉ်များဖြင့် လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က "ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံများလိုက်နာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုနိုင်က "စာသင်သားများ၏ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အကူအညီရယူရေး" ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးပို့ချကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)