အမေရိကန်နဲ့ တရုတ်အလိုကျ မြန်မာတွေ အချင်းချင်း သတ်နေကြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်နဲ့ တရုတ်အလိုကျ မြန်မာတွေ အချင်းချင်း သတ်နေကြ



ယနေ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေသမျှ တိုက်ခိုက် သတ်ဖြတ်မှုတွေရဲ့ အကြောင်းရင်းခံကို စိစစ်ကြည့်ရင် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ NUG, CRPH, PDF, KNU, KNLA, KIA အစရှိသော အကြမ်းဖက် သောင်းကျန်းသူများဟာ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုရဲ့ သြဇာခံ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နိုင်ဖို့ကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးနေပါတယ်။ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးနေတာလည်း ဒီနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖန်တီးဖို့အတွက် ဘင်္ဂါလီများကို လူမျိုးလိမ်အမည် (ရိုဂျင်ဟာ) အဖြစ် အသိအမှတ်ပြု ရရှိစေရေးကိုလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ အိုအိုင်စီအဖွဲ့ရဲ့ ငွေကြေးကို အသုံးချပြီး သူ့ရဲ့ သြဇာခံ NUG, CRPH အစရှိသော အကြမ်းဖက်အုပ်စုတွေနဲ့ ဆောင်ရွက်နေသလို သူ့ရဲ့ လက်ကိုင်တုတ်မီဒီယာတွေကနေလည်း လူမျိုးလိမ်အရေးကို အစဉ်သဖြင့် လုပ်ကြံဖန်တီး ရေးသားဖော်ပြခိုင်းပြီး အိုအိုင်စီထံက ငွေကြေးကို တစ်ဖက်တစ်လမ်းက ရအောင်ယူနေခြင်းပဲ ဖြစ်ပါတယ်။

ဒီလို အင်အားကြီးနိုင်ငံတစ်ခုရဲ့ ပစ်မှတ်ဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်မှာလည်း အနောက်အုပ်စုနဲ့ ပဏာယူထားတဲ့ နိုင်ငံတွေ ရှိသလို ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကိုလည်း အပြိုင်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့ ထွက်ပေါက်ဟာ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကနေ အကြမ်းဖက်လှုံ့ဆော်တယ်။ ထိုင်းနိုင်ငံထဲကနေ လက်နက်ခဲယမ်းတွေ တင်ပို့တယ်။ ထိုင်းနိုင်ငံကတဆင့် အကြမ်းဖက်အဖွဲ့များထံကို အထောက်အပံ့တွေ စီးဆင်းနေတယ်။ ဒါက ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်သည် တရုတ်ကို ထိန်းချုပ်လိုတဲ့ အမေရိကန်ရဲ့ နှောက်ယှက်မှုကို ခံနေရချိန်မှာ တရုတ်အနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်သလားဆိုတာလည်း မေးခွန်းထုတ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ MNDAA, TNLA, AA ဆိုတဲ့ မြောက်ပိုင်း သောင်းကျန်းသူ(၃)ဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ အနောက်အုပ်စုရဲ့ သြဇာခံ NUG, CRPH, KNU, KIA တို့ရဲ့ ရည်ရွယ်ချက်ကို လိုက်ပါဖော်ဆောင်ခြင်း မဟုတ်ပါဘူး။ ပွဲလန့်တုန်း ဖျာခင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်ကို သိရှိနားလည်ပြီး အိမ်နီးချင်းကောင်းပီသမယ်ဆိုရင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေမှာ အစိုးရနဲ့ လက်တွဲပြီး မြန်မာပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကူညီနိုင်စွမ်း ရှိပါတယ်။ 

သို့သော် သူ့ရဲ့အမျိုးသားအကျိုးစီးပွားကိုပဲ ကြည့်တဲ့အခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေတဲ့ မြန်မာ့ပြည်တွင်းရေးကို တည်ငြိမ်အေးချမ်းအောင် လက်တွဲကူညီရမယ့် နေရာမှာ မြွေပူရာ ကင်းမှောင့် ဆိုသလို ဓာတ်ဆီလောင်းပေးတဲ့ သဘောမျိုး လုပ်ဆောင်ခဲ့ခြင်းဟာလည်း အိမ်နီးချင်းကောင်းများရဲ့ ထားရှိသင့်တဲ့စည်းကို ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအနေနဲ့ကတော့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဘယ်သူကပဲ လုပ်ဆောင်နေသည် ဖြစ်စေ သူတို့လိုလားချက်ကို ဖော်ဆောင်ပေးခြင်းဖြစ်တဲ့အတွက် အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ် မီဒီယာတွေဖြစ်တဲ့ VOA, RFA၊ ဗြိတိန်မီဒီယာဖြစ်တဲ့ BBC တို့က MNDAA, TNLA, AA တို့ရဲ့ ဆောင်ရွက်ချက်သည် CRPH, NUG နှင့် ဆက်စပ်မှုမရှိသည့်တိုင်အောင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ပေးနေသူများဖြစ်သည့်အတွက် ရည်ရွယ်ချက်တူသူများကို စာမျက်နှာပေါ်စွဲတင်ပေးပြီး ပိုမိုလုပ်ဆောင်အောင် တွန်းအားပေးတာမျိုး ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရင် အမေရိကန်ရဲ့ ဆောင်ရွက်ချက်ဟာ ဗျူဟာကျတယ်လို့ ဆိုနိုင်ပါတယ်။ KNU, KIA ဆိုတာ အနောက်အုပ်စုနဲ့ ဘာသာရေးအရ ဆက်နွယ်မှု ရှိတဲ့အပေါ်မှာ အမေရိကန်ရဲ့ သြဇာခံတွေ ဖြစ်လာဖို့ ချည်းကပ်ရအလွန်လွယ်ကူတဲ့ အခြေအနေ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးမှုကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီးချိန်မှာ CRPH, NUG ဆိုတဲ့ အဖွဲ့တွေ ဖွဲ့စည်းဖို့ မင်းကိုနိုင်တို့က လမ်းပြပေးခြင်း ဖြစ်ပါတယ်။ မင်းကိုနိုင်တို့က လမ်းပြပေးတယ်ဆိုရာမှာလည်း မင်းကိုနိုင်၊ ဂျင်မီ၊ မြအေး တို့ ဦးဆောင်တဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ သြဇာခံဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လိုလားချက်ကို တိုက်ရိုက်လမ်းညွှန်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။

အာဏာရူး ငမိုက်သား NLD ဦးဆောင်သူများကလည်း ရာဇပုလ္လင်ပေါ်က ကန်ချခံရပြီးမှတော့ မထူးဇာတ်ခင်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ရာကနေ ယနေ့တိုင်အောင် အနိဋ္ဌာရုံတွေနဲ့ စစ်တလင်းဖြစ်ခဲ့ရပါတယ်။ 

အမေရိကန်ရဲ့ သမိုင်းကို ပြန်ကြည့်ရင် အမေရိကန်ဟာ သူ့နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတွေကို စစ်တလင်းအဖြစ် ဖန်တီးခဲ့တာတွေ များပါပြီ။ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စစ်တလင်းဖြစ်အောင် ဖန်တီးခဲ့တာလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။ ရုရှားကို ရန်လိုပြီး ယူကရိန်းကို စစ်တလင်းဖြစ်အောင် လုပ်ခဲ့တာလည်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုပဲ မဟုတ်ပါလား။ 

ကမ္ဘာ့သတင်းစာမျက်နှာများမှာ ISIS, တာလီဘန်၊ ဘိုကိုဟာရမ် အစရှိသော အဖွဲ့တွေကို အစ္စလာမ်းမစ်အစွန်းရောက် စစ်သွေးကြွများအဖြစ် ဖော်ပြခဲ့ကြတာ ရှိပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်နဲ့ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုကလည်း ကမ္ဘာကြီးတစ်ခုလုံးကို ခရစ်ယာန်လွှမ်းမိုးဖို့ လုပ်ဆောင်နေတဲ့ ဘာသာရေးအစွန်းရောက်မှုအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။ 

အစ္စရေး နဲ့ ပါလက်စတိုင်းဖြစ်တော့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက မဆိုင်းမတွ အစ္စရေးဘက်ကပဲ ရပ်တည်ခဲ့ကြတယ်။ တူရကီဦးဆောင်တဲ့ အစ္စလာမ်းမစ်နိုင်ငံများက ပါလက်စတိုင်းဘက်ကနေ ရပ်တည်ပြောဆိုကြတယ်။ ကျွန်တော်တို့ ပြည်သူများက ဒါတွေကို ဆင်ခြင်တွေးဆပြီး မှန်ကန်စွာ နားလည်သင့်ပါတယ်။ 

KNU, KIA တို့က အမေရိကန်နဲ့ လက်တွဲတယ်ဆိုတာကလည်း ဘာသာရေးအရ ဆက်နွယ်မှုပါပဲ။ နိုင်ငံရေးမှိုင်းမိသွားတဲ့ နီပိန်းတွေမှာက မထူးဇာတ်ခင်းတာ ဖြစ်တဲ့အတွက် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့တယ်။ KNU, KIA ရဲ့ ကြိုးကိုင်မှုနဲ့ ပဒက်တွေက သံဃာတော်တွေကို ပစ်မှတ်ထား သတ်ဖြတ်တဲ့ လုပ်ရပ်တွေ အဆိုးဆုံးအခြေအနေအထိ ကျူးလွန်ခဲ့ကြတယ်။

အမျိုး ဘာသာ သာသနာအတွက် အလေးထားဆောင်ရွက်နေတဲ့ အစိုးရအနေနဲ့ ဒီလိုအခြေအနေတွေကို ပြည်သူများ မှန်ကန်စွာ နားလည်အောင် ပညာပေးလုပ်ငန်းတွေ လုပ်တာကလည်း တဖက်၊ အကြမ်းဖက်လှုပ်ရှားမှုဟာ ဘာသာရေးနဲ့ ဆက်နွယ်လာတဲ့အပေါ်မှာ ပြတ်သားစွာ ဆောင်ရွက်သင့်တာကိုလည်း ဆောင်ရွက်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကျွန်ုပ်တို့၏ မြန်မာပြည်ကို အမေရိကန်ကလည်း သူ့အကျိုးစီးပွားအတွက် သူ့သြဇာခံ အစိုးရထားပြီး ခြယ်လှယ်လိုတယ်။ ထိုနည်းတူစွာ အိမ်နီးချင်တရုတ်ကလည်း သူ့သြဇာခံအဖွဲ့တွေကို ရပ်တည်မှုရစေချင်တယ်။ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအတ္တတွေကို ရှေ့တန်းတင်ပြီး ကိုယ့်အချင်းချင်း ရက်စက်စွာ တိုက်ခိုက် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ အမေရိကန်အတွက်လည်း ဆုံးရှုံးမရှိသလို တရုတ်ရဲ့ ဆုံးရှုံးမှုဟာလည်း ပါးပါးလေးပါပဲ။ မြန်မာပြည်သူတွေကတော့ ထောင်သောင်းချီပြီး သေခဲ့ရပြီ။

တဖက်မှာ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြတဲ့ ပဒက်တွေကိုလည်း ကိုယ့်ပြည်သူအချင်းချင်း ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်ဖြတ်နေကြတာလဲ၊ ဘယ်သူ့အတွက် သတ်ဖြတ်နေကြတာလဲ။ အခုလို သတ်ဖြတ်မှုတွေဟာ ဘယ်သူတွေအတွက် အမြတ်ထွက်စေသလဲ။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ပံ့ပိုးမှုကို ယူပြီး ကိုယ့်ပြည်သူအချင်းချင်း စာနာထောက်ထားမှု ကင်းမဲ့လွန်းတဲ့ အကြမ်းဖက်အဖွဲ့တွေကိုလည်း အမေရိကန်အလိုကျ လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့၊ တရုတ်သြဇာခံ လက်နက်ကိုင်သောင်းကျန်းသူများအနေနဲ့လည်း ငွေကြေးအကျိုးအမြတ်ကိုပဲ မြင်ပြီး ကိုယ့်ပြည်သူအချင်းချင်း စာနာမှုကင်းမဲ့လွန်းတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ မေတ္တာရပ်ခံ ပါရစေဗျာ -


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)