ရွှေတိဂုံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မည်


ရန်ကုန်၊ ဧပြီ ၂၁  

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အား လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူခြင်းကို (၅)နှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းမပြုမီ အထက်ပစ္စယံရှိ စေတီရံများနှင့် နောင်တော်ကြီးစေတီတို့ကို တစ်နှစ်ကြိုတင်၍ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်လေ့ရှိရာ ယခုအခါ နောင်တော်ကြီးစေတီ ရွှေသင်္ကန်းကပ်လှူခြင်းကို အပြီးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


#News

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)