ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

%E1%81%84%E1%81%86

%E1%81%84%E1%81%87

%E1%81%84%E1%81%88



ရွှေတောင်  ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် သရက်တော ရပ်ကွက် ၊ပြည်- ရန်ကုန် လမ်း ရွှေတောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

       အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြစိမ်းရောင်ကျေးရွာကော်မတီ ဥက္ကဌ ၊မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်မင်းထွန်းက မြစိမ်းရောင် စီမံကိန်းနှင့်ပတ်သက်သည့် အားသာချက်/ အားနည်းချက်များနှင့်ပတ်သက်သည့်ကိစ္စရပ်များအားရှင်းလင်းပြောကြားခဲ့သည်။

      ထို့နောက် မြို့နယ်မြစိမ်းရောင်ကျေးရွာကော်မတီ အတွင်းရေးမှူး ၊မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက မွေးမြူရေးနှင့်ပတ်သက်သည့် တိရစ္ဆာန်များတွင်ဖြစ်တတ်သောရောဂါများ၊ ကာကွယ်ဆေး ထိုးနှံမှုများ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင်များမှ တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး မြစိမ်းရောင် မြို့နယ် စီမံကိန်းကော်မတီဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။

    ဆက်လက်၍ ဆုရရှိသောမြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင် ကျေးရွာအုပ်စုများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages