​ကေ့ာကရိတ်မြို့ ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ကေ့ာကရိတ်မြို့ ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကေ့ာကရိတ် ဧပြီ ၁၀

၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ​ကေ့ာကရိတ်မြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်နေ့မှစ၍ ဘားအံမြို့ အထက(ခွဲ)-၃ ကျောင်း၌ ဖြေဆိုတော်မူလျက်ရှိပြီး စာဖြေရဟန်း၊သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာ​​တော်များအား ​ကေ့ာကရိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများစုပေါင်း၍ နေ့ဆွမ်းများကို ရက်အစဥ်အလိုက် ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲသည် ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဖြေဆိုလျက်ရှိပြီး၊ စာမေးပွဲသို့ ကြွရောက်၍ ကြီးကြပ်ပေးတော်မူကြသော ဆရာတော်/ သံဃာတော်အပါး(၃၀)၊ စာဖြေရဟန်းသာမဏေ၊ သီလရှင်  (၁၇၉) ပါးတို့အား ​ကေ့ာကရိတ် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ​ နေ့စဉ်နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် စာမေးပွဲကျင်းပရာ၌ လိုအပ်သည့် ပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ပြီး စေတနာရှင် ပြည်သူများမှ  အချိုရည်တို့ကို ရက်စဥ်အလိုက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ခင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)