ဂွမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ





ဂွ ဧပြီ ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၂၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊လတ်၊ငယ်၊မှု) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့် သည် စူဠဘွဲ့နှင်းသဘင် အခမ်အနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ သရဏဂုံ(၃)ပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သြဝါဒကထာ နာကြားခဲ့ကြသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက  သာသနာတော်ဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး အစိုးရပါဠိ ပထမပြန် စာမေးပွဲ စာအောင်သံဃာတော်(၃၁)ပါးအား နည်းဗျူဟာမှူး၊ ယာယီဗိုလ်မှူးကြီးစောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆွမ်းကွမ်းဆက်ကပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်များကစာအောင် ဆုဂုဏ်ပြုလွှာများနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)