မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



မြိတ်  ၊  ဧပြီ    ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေး ဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းကဏန်းအချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို စက်တင်ဘာ(၃၀)ရက် ည(၁၂) နာရီမှစတင်ကာ စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ယူဆောင်ရွက်ကြမည်ဖြစ်သည်။

မြိတ်ခရိုင်အတွင်း ရှိနေကြသည့် သူများအားလုံးကို မထပ်မကျန် စာရင်းကောက်ယူနိုင်ရန် သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှစတင်၍ မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်ပေါင်း(၁၂၈၈)ကွက်ဖြင့် စာရင်းကောက်အဖွဲ့များ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူရာတွင် Mobile Tablet ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင် ဦးစီးမှူးထံမှ သိရသည်။

မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးထွန်းဇော်ဦးနှင့် အဖွဲ့ဝင်များက သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)