ဓနုဖြူမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ



ဓနုဖြူ ဧပြီ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ၃-၄-၂၀၂၅ ရက်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရိုးရာခြင်းလုံး၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ဘောလုံးနှင့် အေရိုးဗစ်အကများဖြင့် သရုပ်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါနွေရာသီ အခြေခံအားကစားသင်တန်းအား မတ်လ (၅)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းတက်ရောက်သူ ပိုက်ကျော်ခြင်းအားကစားနည်းတွင် (၂၂)ဦး၊ ရိုးရာခြင်းလုံး အားကစားနည်းတွင် (၅)ဦး၊​ ဘက်စကက်ဘော အားကစားနည်းတွင်(၂၃)ဦး၊ လက်ဝှေ့ အားကစားနည်းတွင်(၁၀)ဦး၊ ဘောလုံး အားကစားနည်းတွင်(၂၀)ဦး၊ အေရိုးဗစ်အားကစားနည်းတွင်(၁၇)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၉၇)ဦး တက်ရောက်ခဲ့ပြီး၊ အဆိုပါ အားကစားနည်းများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)