မြို့သစ်မြို့နယ်၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်၌ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



မြို့သစ်  ၊ ဧပြီ  ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုအခါ လယ်သီးထပ်စိုက်ပျိုးသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ်လယ်ရိတ်သိမ်းပြီး‌ ဆင်းရွှေကြာ-၂ နေကြာမျိုးတစ်ဧက စိုက်ပျိုးထားပါတယ်။ အခုအခါ နေကြာစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်” ဟု နေကြာစိုက်တောင်သူပြောသည်။

အဆိုပါ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်ကွင်းသရုပ်ပြခြင်း၊ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)