ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီထောက်ပံ့

 



ပဲခူး ဧပြီ ၄


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများအား လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ရောက်ရှိခဲ့ပြီး ဧပြီလ(၂)ရက်နေ့၊ ညပိုင်းက မီးလောင်ကျွမ်းခဲ့သည့် ပဲနွယ်ကုန်းဈေးနေရာသို့ ရောက်ရှိခဲ့ပြီး ယာယီဈေးအတွက် စည်ပင်သာယာပန်းခြံမြေနေရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး နှစ်အလိုက်ဘတ်ဂျက်များ လျာထား၍ ပဲနွယ်ကုန်းဈေးအား ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဈေးအဝင်လမ်းအား မီးသတ်ယာဉ်များ အလွယ်တကူ ဝင်/ ထွက် သွားလာနိုင်ရေးဆောင်ရွက်ရန်၊ ဈေးအတွင်း မီးသတ်ရေငုတ်များနှင့် မီးသတ်ရေစင်များ ထည့်သွင်းတည်ဆောက်နိုင်ရေးတင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ မြို့မဘုန်းတော်ကြီးကျောင်းရှိ မီးဘေးသင့်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ယာယီဈေးတည်ဆောက်ပေးခြင်းနှင့်အတူ ဈေးအသစ်ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အအေးဗူးများအပြင် မီးဘေးသင့်အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ Kit Box များ၊ နေအိမ်ဆုံးရှုံးမှုအတွက် (၂)သိန်းကျပ်စီ၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာဖိုးတစ်လစာနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


အဆိုပါ ပဲနွယ်ကုန်းဈေး မီးလောင်ခဲ့မှုကြောင့် ဆိုင်ခန်း (၄၃၅) ခန်း တန်ဖိုးငွေကျပ် (၁၅၅) သိန်း၊ နေအိမ် (၁၀) လုံး တန်ဖိုးငွေကျပ် (၆၉) သိန်း၊ အိမ်ဆိုင်ခန်း (၁၃) ခန်း တန်ဖိုးငွေကျပ် (၇၃) သိန်း၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် (၃၉၇) သိန်း ပျက်စီးဆုံးရှုံးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)