ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲကျင်းပ

 



ရွှေတောင် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီအရာရှိ ဒေါ်မြင့်မြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများမှ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဆိုင်ရာလူထုအခြေပြုလေ့ကျင့်မှုစခန်း (CLC) တွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄- ၂၀၂၅မိုးစပါး ပန်းတိုင်အထွက်နှုန်း

ပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲကျင်းပခဲ့သည်။

 အဆိုပါ အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်က  မိုးရာသီကာလအတွင်း ရွှေတောင် - ညောင်စာရေးကျေးရွာအုပ်စုသို့သွားသည့် ကားလမ်းဘေးဝဲယာရှိ ကျေးရွာအုပ်စုများရှိ ယာမြေများတွင် မုံရွာရွှေဒင်္ဂါးမျိုး ( သက်တမ်း၆လ) ရှိ အထွက်ကောင်းမျိုး ပဲစဥ်းငုံသီးနှံစိုက်ပျိုးရန်အသိပညာပေးဆွေးနွေးခဲ့ပြီး ပြည်ခရိုင်စိုင်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သိန်းက မျိုးကောင်း မျိုးသန့်များ ရရှိနိုင်ရေး၊ ပဲစဥ်းငုံမျိုးများ၏ အရည်အသွေးလက္ခဏာများနှင့်စိုက်ပျိုးနည်းစနစ်ကောင်းများရရှိရေး စိုက်နည်းစနစ်များအားရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော တောင်သူများမှပြန်လည်ဆွေးနွေးတင်ပြကြရာရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီအရာရှိ ဒေါ်မြင့်မြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများ၊မယားမာန်ကျေးရွာအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ကံသုံးဆင့်ကျေးရွာအုပ်စုနှင့် တောဟိုင်ကျေးရွာအုပ်စုတို့မှတောင်သူများ စုစုပေါင်း အင်အား ( ၉၃) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)