ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁၁၄၀.၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁၁၄၀.၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဧပြီ ၂၄

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁၁၄၀.၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၂၁ ရက်နေ့ ၁၄၀၀ အချိန် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မအိမြတ်နန္ဒာထွန်း(ခ)ကေကေ အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁၂ ဂရမ်၊ ကက်တမင်း အလေးချိန် ၈  ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၄ ၃၀ အချိန် မနန္ဒာလှိုင် အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်အတွင်းမှ Happy Water အလေးချိန် ၇၅ ဂရမ်၊ ကက်တမင်း အလေးချိန် ၁၃၆၄  ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၅ ၀၀ အချိန် သိန်းသန်းဦး(ခ)အားချင် အား ၎င်းနေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း၊ ၁၇ ၀၀ အချိန် မြင့်ဦး(ခ)အားချိုင် အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် FORD အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ကက်တမင်း အလေးချိန် ၂၀ ဂရမ်၊ Happy Water အလေးချိန် ၁၅ ဂရမ်၊ ခပ်ခူး(အဆင့်နိမ့်ဘိန်း)အလေးချိန် ၁၁ ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၈ ၀၀ အချိန် မြင့်ဦး(ခ)အားချိုင် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၅ လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၂၉၇ ဂရမ်၊ Happy Water အလေးချိန် ၂၈၅ ဂရမ်နှင့် ခပ်ခူး(အဆင့်နိမ့်ဘိန်း)အလေးချိန် ၉ ဂရမ်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း Happy Water အလေးချိန် ၃၈၇ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၄.၄ သိန်း)၊ ကက်တမင်း အလေးချိန် ၁.၆၈၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၅.၆ သိန်း)နှင့် ခပ်ခူး(အဆင့်နိမ့်ဘိန်း)အလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မအိမြတ်နန္ဒာထွန်း(ခ)ကေကေ(၂၂)နှစ်၊ မနန္ဒာလှိုင်(၂၄)နှစ်၊ သိန်းသန်းဦး(ခ)အားချင်(၂၈)နှစ် နှင့် မြင့်ဦး(ခ)အားချိုင်(၂၄)နှစ်တို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)