ကန်ကြီးထောင့် ၊ ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများအား ဧပြီလ(၈)ရက်နေ့က စတင်သင်ကြားလျက်ရှိရာ အဆိုပါသင်ကြားနေမှုများအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုအားပေးရာတွင် မြို့နယ်တွင်းကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်သားများ သင်ကြားနေမှုများ၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် စာသင်သားများ အား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ (၄၉)ဦးမှ စာသင်ဝိုင်း (၄၉)ဖြင့် သင်ကြားပေးလျက်ရှိရာ စာသင်သား (၈၃၆)ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၈)ရက်နေ့မှ မေလ (၂၀)ရက်နေ့ထိ တစ်ရက်လျင် ပျမ်းမျှ ၃ နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)၊ နာရီပေါင်း(၁၂၀) ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment