ချောင်းသာမြို့တွင် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ချောင်းသာမြို့တွင် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

223


ချောင်းသာ ဧပြီ ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သတိပြုလိုက်နာရှောင်ကြဉ်ရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုထုတ်ဝေသည့် အပူဒဏ်အန္တရာယ် အသိပညာပေး လက်ကမ်းစာ‌စောင်များကို ယနေ့နံနတ် ၇ နာရီခွဲ အချိန်ခန့်က ရွှေသာယာမြို့မစျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လိုက်လံဖြန့်ဝေသည့် လက်ကမ်းစာစောင်များတွင် အပူဒဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်‌‌ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်‌‌ကြောင့် သတိလစ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွား မည့်လက္ခဏာများ ပေါ်ပေါက်လာပါက အရေးပေါ်ကုသရန် အရေးပေါ်ရှေးဦးပြုစုနည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို စျေးသွား၊ စျေးပြန်များ၊ မြို့မစျေးကြီးအတွင်းရှိ စျေးသူ၊ စျေးသားများနှင့် လမ်းသွား၊ လမ်းလာများအား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာ အဖွဲ့များနှင့် ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။


ကျော်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages