ပဲနွယ်ကုန်းမြို့ရှိ မီးဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲနွယ်ကုန်းမြို့ရှိ မီးဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်



နေပြည်တော်၊ ဧပြီ  ၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၌ ဧပြီ ၂ ရက်ညပိုင်းတွင် ပဲနွယ်ကုန်းဈေးမီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာရှိ မီးဘေးသင့် ပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုအပ်သည်များ သွားရောက်၍ ကူညီထောက်ပံ့ပေးသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က မီးလောင်ကျွမ်းခဲ့သည့်ဈေးအား ပြည်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအား အမှာစကားပြောကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပဲနွယ်ကုန်းမြို့၊ မြို့မဘုန်းတော်ကြီးကျောင်းရှိ မီးဘေး သင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ ငွေများ၊ စားသောက်ဖွယ်ရာများနှင့် မီးဘေးသင့် အိမ်ထောင်စု(၁၁)စုအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုးပါ Kit Box များ၊ နေအိမ် ဆုံးရှုံးမှုအတွက် (၂)သိန်းကျပ်စီ၊ လူဦးရေ (၄၈)ဦးအတွက် ဆန်ရိက္ခာဖိုး တစ်လစာနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ ငွေများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)