ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၁၁၁၂.၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၁၁၁၂.၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

012


နေပြည်တော်၊ ဧပြီ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၂၅ ရက်နေ့ ၁၄၃၀ အချိန် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၇၆ လမ်း၊ ၂၇ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဝေဠု အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၄ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၆ သိန်း)၊ Happy Water အလေးချိန် ၁၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၀၀၅ အချိန် ထွန်းဇော်(ခ)သားဝိန်(ခ)အားေ၀ အား မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၆ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၇၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၂၀၃၀ အချိန် ထွန်းဇော်(ခ)သားဝိန်(ခ)အားေ၀ နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၄ လမ်း၊ ၄၀(ဘီ)လမ်းထောင့်ရှိ နေအိမ်အတွင်းမှ Happy Water အလေးချိန် ၆၇၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၁၀)နှင့် ကက်တမင်း အလေးချိန် ၇၀၂ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈၀.၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 ဝေဠု(၃၇)နှစ် နှင့် ထွန်းဇော်(ခ)သားဝိန်(ခ)အားဝေ(၄၀)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages