လွိုင်ကော်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကန်တော့ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကန်တော့ပွဲအခမ်းအနား ကျင်းပ




လွိုင်ကော် ၊ ဧပြီလ ၁၈


၁၃၈၆ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၀)ဦးအား ဂါရဝတရားဖြင့် ရှိခိုးကန်တော့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသက်အကြီးဆုံး အဘိုး ဦးအောင်ဗလ (၉၀)နှစ်နှင့် အသက်အကြီးဆုံးအဘွား ဒေါ်တင်ညွှန့် (၉၂)နှစ်တို့အား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီနှင့် လှူဒါန်းပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများအား ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖိတ်ကြားထား သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီး အဘိုးအဘွားများအား လှူဒါန်းငွေနှင့် လှူဒါန်းပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုဆေးဝါးများအား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး အဘိုး၊ အဘွားများကိုယ်စား အဘိုး ဦးမြသန်း (၈၅)နှစ်က ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို သာဓုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်နေမှုများအား ကြည့်ရှု၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အဘိုး၊ အဘွား (၁၆)ဦးအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပြီး  ယမန်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းမှုအနေဖြင့် အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း၊ လှူဒါန်းပစ္စည်းများနှင့် ဆေးဝါးတန်ဖိုးအပါအဝင် စုစုပေါင်း လှူဒါန်းငွေကျပ် (၁၀၃၈၀၀၀၀ိ/-) သိန်းအား သက်ကြီးဘိုးဘွား (၇၆)ဦးအတွက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)