ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 


မြစ်ကြီးနား ၊  ဧပြီ  ၁၈


မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိတ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ကြပြီး ရှေးဦးစွာ ဒိုင်ချုပ် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရယိမ်းအဖွဲ့များ၏ အမည်စာရင်းကို ကြေညာခဲ့ကြသည်။

ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ဇနီးတို့က စီဒီဖြင့် ကိုယ်ပိုင်သံစဉ်/ စာသား တေးသီချင်းဆုရ ပြိုင်ပွဲဝင်များအတွက်လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပ‌ဒေချုပ်တို့က တီးဝိုင်းဖြင့် ကိုယ်ပိုင်သံစဉ်/စာသား/ တေးသီချင်းဆုရ ယိမ်းအဖွဲ့များအတွက်လည်းကောင်း၊ CD ဖြင့် ယိမ်းအက ပြိုင်ပွဲတွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအားလည်းကောင်း၊ စီဒီဖြင့် ကိုယ်ပိုင်သံစဉ်/ကိုယ်ပိုင်စာသားယိမ်းအကပြိုင်ပွဲတွင် ဆုရအသင်းများအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရယိမ်းအဖွဲ့များက ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်ဇနီးတို့က တီးဝိုင်းဖြင့် ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားယိမ်းအကပြိုင်ပွဲတွင် အထူးဆုနှင့် တတိယဆုရယိမ်းအဖွဲ့များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဒုတိယဆုနှင့် ပထမဆုရ ယိမ်းအဖွဲ့များအားလည်းကောင်း တစ်ဦးချင်း လည်ဆွဲတံဆိပ်၊ ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဆုရပြိုင်ပွဲဝင် ယိမ်းအဖွဲ့များနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဆုရယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းလိုက်ကြောင်းနှင့် ၁၃၈၆ ခုနှစ် မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ကြောင်း ကြေညာပြီး ယိမ်းအဖွဲ့များ၏ “မန်းတောင်ရိပ်ခို”တေးသီချင်းဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေမှုကို လိုက်လံနှုတ်ဆက် အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)