ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ဆေးစစ်မှုခံယူနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ဆေးစစ်မှုခံယူနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု

 



ရွှေတောင်  ၊  ဧပြီ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန်ဆေးစစ်မှု ခံယူပြီးသူ ( ၅၃) ဦးတို့ကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ယမန်နေ့ နံနက်ပိုင်းက စုရပ်အဖြစ်ထားရှိသည့် နွားမယံကျေးရွာ အုပ်စု ၊အမှတ်(၁၄) ခြေလျင်တပ်ရင်းသို့ သွားရောက်ခဲ့ကြောင်းသိရသည်။ 

        ထိုသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ သွားရောက်တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန်ဆေးစစ်မှု ခံယူပြီးသူ      ( ၅၃) ဦးတို့၏ နေရေးထိုင်ရေး၊ စားသောက်မှု စီစဥ်ထားရှိသည့် အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ၏ လိုအပ်ချက်များအား မေးမြန်း၍လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)