ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ကျေးရွာနှင့် ရေလာလေးကျေးရွာတို့ကို ဒရုန်းများ၊ လက်လုပ်လက်နက်ကြီးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ၊ ရေလာလေးကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။ ထို့နောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများမှ အနီးဝန်းကျင်ရှိ ဖောင်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းမဟုတ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ အရ သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့် တစ်ပြေးညီသိရှိစေရန် ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ် စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)