မှော်ဘီ ၊ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မှော်ဘီသာသနာ့ဗိမာန်တော်ကြီး ဖဲကြိုးဖြတ်ခြင်းနှင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၇) နာရီက မှော်ဘီသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ မှော်ဘီမြို့နယ် တောင်ပိုင်းတိုင်းလေ တပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်၊ မှော်ဘီမြို့နယ် သာသနာ့ဗိမာန် တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ဗိမာန်တော်ကြီး၏ မတင်အလှူရှင်များဖြစ်ကြသော ဒေါ်ရွှေယင်းမာ၊ ဦးထွန်းထွန်း၊ ဒေါ်လှယဉ်ဝင်း၊ ဦးဝင်းသောင်း၊ ဒေါ်ခင်မှီမှီလှိုင်၊ ဒေါ်နန္ဒာဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အောင်ဇမ္မူတောရဓမ္မရိပ်သာဆရာတော်၊ ဗောဓိရိပ်ငြိမ်ဆရာတော်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့မှ စက်ခလုတ်နှိပ်၍ သာသနာ့ဗိမာန်တော်ကြီးအား ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဗောဓိရိပ်ငြိမ်ဆရာတော်ထံမှ ငါးပါးသီလစောင့်တည်ခြင်း ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ်ရွတ်ဖတ်ခြင်း တေသံရှင်ရီရီသန့်နှင့်အဖွဲ့မှ သာသနာ့ဗိမာန်အောင်ပွဲသံ သီချင်းသီဆိုခြင်း ဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလှူဒါန်းခြင်း လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး မြို့နယ် သံဃာနာကဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သာသနာ့ဗိမာန် အကျိုးတော်ဆောင် ဦးစီးကော်မတီနာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိုးတို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အောင်ဇမ္မူတောရဓမ္မရိပ်သာ ဆရာတော်ထံမှ ဩဝါဒခံယူကာ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချတရားနာယူခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
https://t.me/MyanmarNationalPost
No comments:
Post a Comment