မုဒုံမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ




မုဒုံ ဧပြီ ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ (ဘဲရမ်း/ ကွမ်တာ) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပသည်။

နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဘဲရမ်းကျေးရွာနေ ကွင်းအမှတ် (၈၄၃) တောင်သူ ဦးမောင်ခင်၏ စိုက်ကွက် (၃)ဧကတွင် ဆင်းသုခ စပါးအမျိုးအစားအား ရိတ်သိမ်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နွေစပါးစံကွက် ဆင်းသုခစပါးအမျိုးအစားကို ဆယ်တန်းတစ်တန်းလှပ်၍ ဒီဇင်ဘာလမှစတင်စိုက်ပျိုးခဲ့ရာ ၆ ဒသမ ၆ ပေပတ်လည် (၃) ကွက် ပျမ်းမျှအထွက်နှုန်း စပါးအစို ၁၃၂ တင်း၊ (၆၆ ပေ × ၆၆ ပေ) တစ်ကွက် အထွက်နှုန်း စပါးအစို ၁၁ တင်း ၁၂ ပြည်၊ တစ်ဧကအထွက်နှုန်း စပါးအစို (၁၁၇ ဒသမ ၅) တင်း ထွက်ရှိကြောင်း သိရသည်။


အောင်မျိုးသူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)