မိုင်းယောင်းမြို့၌ သိက္ခာထပ်အလှူမင်္ဂလာနှင့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ သိက္ခာထပ်အလှူမင်္ဂလာနှင့် ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ





မိုင်းယောင်း ဧပြီ ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းဟန်ဆရာတော်၏ သိက္ခာထပ်အလှူမင်္ဂလာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု သား၊သမီးများ၏ ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အလှူတော်မင်္ဂလာပွဲတွင် ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများဆောင်ရွက်ခဲ့ရာ ဥပဇ္ဈာယ်ဆရာတော် ဦးဆောင်၍   ရဟန်းဘောင်ဝင်မည့် သာမဏေများ မင်္ဂလာသိမ်တော်သို့သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် ရေစက်ချအနုမောဒနာတရားနာကြားခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာဧည့်ပရိသတ်အပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။


ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ အမှူးပြုသည့် ပရိသတ်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခဲ့ကာ ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဇဋိလထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။


ထွန်းမြင့်လှိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)