မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်

 



မော်လမြိုင် ၊  ဧပြီ  ၁၈


မွန်ပြည်နယ်အတွင်း နှစ်ဟောင်းကုန်၍ နှစ်ကူးပြောင်းသည့် နှစ်သစ်ကိုကူးပြောင်းသော အချိန်အခါသာမယ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံထမ်းအစဉ်အလာအရ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ နှစ်သိန်းကျော်အား သံလွင်မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ထည့်လွှတ်ကုသိုလ်ယူခဲ့ကြသည်။

ဆက်လက်၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားပူဇော်ပွဲကို မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ နှစ်ဟောင်းမှ စိတ်အညစ်အကြေး၊ အကုသိုလ်အညစ်အကြေးများကို ချေးချွတ်ကင်းစင်စေပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ကုသိုလ်ကောင်းမှုသစ်တို့ဖြင့် စတင်ပြီး နှစ်ဆန်း(၁)ရက်နေ့မှာ မိမိထက်အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးမားသူ ဘိုးဘွားများအား ပူဇော်ခြင်းကုသိုလ်ထူးဖြင့် မြန်မာနှစ်သစ်ကို အစပျိုးစေလိုကြာင်း၊ မွန်ပြည်နယ်အတွင်းရှိ ဘိုးဘွားများနှင့်တကွ တစ်နိုင်ငံလုံးမှာရှိသော ဘိုးဘွားမျာအားလုံး သက်ရှည်ကျန်းမာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေလိုကြောင်းဖြင့် ဂါရဝပြုဆုမွန်တောင်းစကားပြောကြားပြီး ဘိုးဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးတို့က ဘိုးဘွားတစ်ဦးချင်းစီအတွက် အလှူငွေနှင့် ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် အဘိုး(၁)ဦးနှင့် အဘွား(၁)ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပို့သပြီး ဘိုးဘွားများအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ သမားတော်ကြီးများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ရောဂါရှာဖွေစမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)