အောင်လံမြို့နယ်တွင် ခရီးသွားပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင် ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ်တွင် ခရီးသွားပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင် ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ အောင်လံ-ရွှေပန်းတော လမ်းပိုင်းတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီလ ၂၅ ရက်နေ့တွင် ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးပြီး ပြည်သူ ၆၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးထားရှိသူများကို ၁ ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက်ရွေးယူရန်နှင့် လာရောက်မရွေးနိုင်သူများကို စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။


အဆိုပါဖြစ်စဉ်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူ များ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားခြင်းဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  ခရီးသွားပြည်သူများကို ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက် ရွေးယူရသည်မှာလည်း မှန်ကန်မှုမရှိသည့် ဝါဒဖြန့်ဝေမှုသာဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက် မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ကောလာဟလ သတင်း အမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)