ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောင်မင်္ဂလာဆိပ်ကမ်း၌ ပြည်ပပို့ကုန် မွေးမြူရေးငါးများ သင်္ဘောတင်နေမှုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောင်မင်္ဂလာဆိပ်ကမ်း၌ ပြည်ပပို့ကုန် မွေးမြူရေးငါးများ သင်္ဘောတင်နေမှုကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဧပြီ ၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၆-၄-၂၀၂၄) ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းဝန်းရှိ ကုန်သွယ်ရေးဦးစီးဌာန၏ Commerce Journal ပုံနှိပ်တိုက်သို့ရောက်ရှိ၍ ကုန်သွယ်မှုဆိုင်ရာ စာစောင်များ၊ အသိပညာပေးစာစောင်များနှင့် ဂျာနယ်များ ပုံနှိပ်ထုတ်ဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စောင်ရေတိုးချဲ့ရိုက်နှိပ် ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ် အောင်မင်္ဂလာဆိပ်ကမ်းတွင် မအူပင်မြို့နယ်နှင့် တွံတေးမြို့နယ်တို့မှ ပြည်တွင်းဖူလုံ၍ ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပြီး ပိုလျှံသည့် ငါးမြစ်ချင်းနှင့် ငါးသိုင်းခေါင်းပွ မွေးမြူရေးငါးများကို ပြည်ပသို့တင်ပို့ရန် သင်္ဘောတင်နေမှု အခြေအနေများကို သွားရောက်စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပို့ကုန်လုပ်ငန်းဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဌာနဆိုင်ရာ One Stop Services (OSS) အဖွဲ့မှ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်၊ ပို့ကုန်ငါးများကို အချိန်တိုအတွင်း သင်္ဘောတင်နိုင်ရေး ဆောင်ရွက်ရန်၊ ငါးအရည်အသွေးကောင်းမွန်စေရန်နှင့် အလေးချိန်မှန်ကန်စေရန် အလေးထား ဆောင်ရွက်ရန်၊ ပြည်ပဈေးကွက်အသစ်တိုးချဲ့ ရှာဖွေတင်ပို့နိုင်ရန်နှင့် ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)