ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့က ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်မြောက်ဘက် ဗိုလ်တောက် ထိန်လမ်းဘေးရှိ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်ကလျှောက်လမ်းဘေးနှင့် ပန်းခုံများကြား မြေကွက်လပ်တွင် အလှမြက်ခင်းများ စိုက်ပျိုးရန်နှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်း ဆောင်နှင့်ရှင်ဥပဂုတ္တကျောင်း ဆောင်တည်ဆောက်ခြင်းလုပ်ငန်းတွင် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော မြန်မာမှုလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ကန်တော်မင်္ဂလာ ရှမ်းကန်တောင်ဘက်တွင် ကျောက်ထိုင်ခုံများနေရာချထားမှု၊ သန့်ရှင်း သာယာလှပရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်လည်တွင် ရာသီမရွေးပွင့်လန်းစေပြီး ရနံ့မွှေးပျံ့သည့် အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေကန်အတွင်းနှင့် ကန်ပတ်ဝန်း ကျင်ကို အမြဲမပြတ်သန့်ရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်အညီ ကျူးကျော်များမရှိစေရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် အကျိုးသက်ရောက်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ မှာကြားကာ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)