အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှု




နေပြည်တော်၊ ဧပြီ ၂

မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။


 စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက်  ပြည်နှင်လွှဲပြောင်းပေးခဲ့ရာ ၃၀၀ ဦးကို ၂၉-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၃၀ ဦးကို ၃၀-၃-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ၂၂ ဦး ကို ၃၁-၃-၂၀၂၄ ရက်နေ့တွင် လည်းကောင်း မူဆယ်မြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ လုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေးခဲ့ပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းများ တားဆီး တိုက်ဖျက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)