မိုင်းခတ်မြို့နယ် နောင်ဖူကျေးရွာတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းခတ်မြို့နယ် နောင်ဖူကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

%E1%81%85

%E1%81%86


မိုင်းခတ်  ၊ ဧပြီ   ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ နောင်ဖူ ကျေးရွာတွင် ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က   မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ စစ်ဗျုဟာအဖွဲ့ (အခြေချ)(မိုင်းခတ်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့် တပ်မတော်သားများ ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးနှင့် ရုံးဝန်ထမ်းများ ၊နယ်မြေရဲစခန်းမှဒုရဲအုပ်နိုင်‌ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုင်းဇင်ကိုလတ်နှင့်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၇၀)ဦးခန့်တို့ သွားရောက်ခဲ့ပြီး  မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊  မီး‌လောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊‌ ခြေတံရှည်အိမ်(၁)လုံး၊ သက်ကယ်မိုး၊ ဝါးကာ၊ ဝါးခင်းနေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီး‌ဘေးသင့်အိမ်ထောင်စုများအား နောင်ဖူ (အလက)ကျောင်းတွင် ခေတ္တနေရာချထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages