မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ် ဆောင်များ၊ အဆိုတော်များ ဧည့်ခံဖျော်ဖြေမှုနှင့် အတူ ရေကစားလာသူများဖြင့်စည်ကား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ် ဆောင်များ၊ အဆိုတော်များ ဧည့်ခံဖျော်ဖြေမှုနှင့် အတူ ရေကစားလာသူများဖြင့်စည်ကား

13

မုံရွာ  ၊  ဧပြီ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ ၂၀၂၄ ခုနှစ်(၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို  မုံရွာမြို့ကန်သာယာတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီလ ၁၆ ရက်နေ့  သင်္ကြန်ပွဲ‌တော် အတက်နေ့တွင် ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်များဖြစ်ကြသော  ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ နေအောင်တို့ အပါအဝင် အဆိုတော်များ အကယ်ဒမီရွှေကြိုလေးများက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ ရေကစားလာသူများဖြင့် စည်ကားလျက်ရှိ ပြီး သင်္ကြန်ပွဲတော်တွင် စတုဒိသာကျွေးမွေးဧည့်ခံသူများ၊ ယိမ်းအကဖျော်ဖြေကြသူများ၊  ရေကစားလာသူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅ ခုနှစ်၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ နံနက်ပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအကြို နေ့မှစ၍ နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်များက ဧည့်ခံသီဆို ဖျော်ဖြေကြကြောင်း၊ မုံရွာမြို့ သင်္ကြန်ပွဲတော်သို့ လာရောက်ရေကစားသူများ ယခင်နှစ်ကထက် ပိုမိုများပြားပြီး ပွဲတော် လာရောက်သူများအား စတုဒိသာအဖြစ် အအေးများ၊ ဖျော်ရည်များအပြင် နေ့စဉ်ထမင်းကြွေး လျက်ရှိကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်ကြီး ၄ ခု တို့တွင် ယိမ်းအဖွဲ့များ နှင့် နိုင်ငံကျော်အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များက လှည့်လည်ဖျော်ဖြေခဲ့ ကြပြီး ဒေသခံသင်္ကြန်ယိမ်းအက အဖွဲ့များလည်း နေ့စဉ်အလှည့်ကျ ဖျော်ဖြေခဲ့ကြကြောင်း သိရ သည်။


မြင့်နိုင်စိုး (ထီးလှိုင်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages