ကျောက်ပန်းတောင်းမြို့ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းသစ်များ ထပ်မံတူးဖော်နိုင်ရန် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းသစ်များ ထပ်မံတူးဖော်နိုင်ရန် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး



ကျောက်ပန်းတောင်း၊ ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိနိုင်စေရေး၊ စက်ရေတွင်းအသစ်များ ထပ်မံတူးဖော်နိုင်ရန်အတွက်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည်၊ ဧပြီ(၂၉)ရက်နေ့ ညနေ(၄:၄၅)နာရီက၊ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဆည်ပေါက်ရေပေးဝေရေးစက်ရုံ ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးနှင့်ဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။


ရှင်းလင်းဆောင်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးက ကျောက်ပန်းတောင်းမြို့ ရေပေးရေးနှင့်ပတ်သက်၍ ရေရရှိမှု၊ ရေဖြန့်ဝေပေးမှုနှင့် မြို့လူထုသောက်သုံးရေ လုံလောက်စွာရရှိရေး စက်ရေတွင်းသစ် ထပ်မံလိုအပ်မှုအခြေအနေများနှင့် တူးဖော်ဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြခဲ့ရာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ စက်ရေတွင်းသစ် တူးဖော်မည့်မြေနေရာကို ကွင်းဆင်းလေ့လာစိစစ်၍ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို လမ်းညွှန်မှာကြားသည်။


အဆိုပါ တွေ့ဆုံပွဲတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စုစုပေါင်း(၂၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)