တာမွေ ဧပြီ ၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးညီညီသည် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဌာနမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်းထောင့်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရေး ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးနေမှုများ၊ ဆွေးမြေ့ရန်ခက်ခဲသော စွန့်ပစ်အမှိုက်များ အား ဖယ်ရှားရှင်းလင်းပေးနေမှုများ၊ အန္တရာယ်ရှိသော သစ်ပင်သစ်ကိုင်းများနှင့် ကျောင်းအင်္ဂါရပ်နှင့် မညီညွတ်သော အမြင်မတင့်တယ်သည်များကို ဖယ်ရှားရှင်းလင်းခြင်များ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment