အလှပိုမို တစ်မျက်နှာဝတ္ထုတိုနှင့် အလှဝေဖြာကဗျာပဒေသာ” အမှတ်စဉ်(၃) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလှပိုမို တစ်မျက်နှာဝတ္ထုတိုနှင့် အလှဝေဖြာကဗျာပဒေသာ” အမှတ်စဉ်(၃) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ



ရန်ကုန်  ၊  ဧပြီ    ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်  ၄၁ လမ်း(အောက်) ဘိုကလေးစျေးအနီး ထာဝရအလှစာပေချစ်မြတ်နိုးသူများဆုံမှတ်တွင် ယမန်နေ့က “အလှပိုမို တစ်မျက်နှာဝတ္ထုတိုနှင့် အလှဝေဖြာကဗျာပဒေသာ” အမှတ်စဉ်(၃ )စာအုပ်မိတ်ဆက်ပွဲကျင်းပရာ အဆိုပါအခမ်းအနားသို့ ၎င်းစာအုပ်တွင် ပါဝင်ရေးသားကြသော စာရေးဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါစာအုပ်တွင် စာရေးဆရာ/ဆရာမ ၅၇ ဦး ပါဝင်ရေးသားသည့် ဝတ္ထုတို ၅၆ ပုဒ်နှင့် ကဗျာ ၁၅ ပုဒ်ပါရှိပြီး ထိုစာအုပ်ကို မောင်ညီဦး(ကစလ )နှင့် ဟန်သိန်း(သဇ္ဇန)တို့က ကြီးကြပ်၍ ဇော်ထူးနိုင်(စာပေနှင့်ဂမ္ဘီရ)တို့က စီစဥ်ကာ ဇော်ထူးနိုင်စာပေ ကမ္ဘာအေးဘုရားဝင်း(ခြင်္သေ့နှစ်ကောင်အနီး)မရမ်းကုန်းမြို့နယ် ဖုန်း ၀၉၅၁၅၃၂၅၅ မှတစ်အုပ်လျှင်   ၆၀၀၀ ကျပ်ဖြင့် ဖြန့်ချီရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ခင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)