ကော့သောင်းမြို့တွင် ရေတွင်းထဲ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကော့သောင်းမြို့တွင် ရေတွင်းထဲ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

017

018

019

020

021


ကော့သောင်း၊ ဧပြီ၂၇

တနင်္သါရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက် တပင်ရွှေထီးလမ်းရှိ အိမ်ခြံဝင်းတွင် ဧပြီလ ၂၇ရက် နံနက်၅နာရီကျော်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူအမျိုးသားမှာ အသက် ၄၄နှစ်အရွယ် ဦးဖိုးလမင်းဖြစ်ပြီး ရေတွင်းရှိ ရေဆွဲကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဘာကြောင့် ကြိုးဆွဲချသေဆုံးလဲဆိုတာတော့ မသိရဘူး၊ရေတွင်းထဲက ရေဆွဲတဲ့ကြိုးနဲ့ကြိုးဆွဲချသွားတာ၊သေဆုံးသူက ရေတွင်းရဲ့၃ပေလောက်ကနေ အပေါ်ကို ကြိုးနဲ့ပြန်ဆွဲပြီး အလောင်းကိုသယ်ထုတ်ခဲ့ရတာပါ"ဟု ရွှေအဏ္ဏဝါ ပရဟိတ လူငယ်အဖွဲ့ မှအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြို့နယ်နာရေးအသင်းပိုင်နိဗ္ဗာန်ယာဉ်ဖြင့် ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင်၅ဦးက သွားရောက်သယ်ဆယ်ခဲ့ပြီး ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


ချမ်းမြေ့

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages