နတ်တလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန်ပျက်စီး



နတ်တလင်း ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ယနေ့ ၆ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က (နတ်တလင်း) ကျောင်းနှင့် အ.မ.က (လွန်) အောင်သာယာကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ပြီး ဘွတ်တောကျေးရွာအုပ်စုတွင် အမိုးလန် နေအိမ်(၃)လုံး၊ အောင်မြန်မာ (၂) အုပ်စုတွင် အမိုးလန် (၁၉) လုံးနှင့် ပြိုလဲနေအိမ် (၂) လုံး၊ စောင်းဝှက်အုပ်စုတွင် အမိုးလန်နေအိမ် (၂၉) လုံး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမိုးလန် (၁) ကျောင်း၊ ပြိုလဲ (၃) လုံး၊ သာဇီရပ်ကွက်တွင် အမိုးလန် (၁၆) လုံး၊ အောင်မြန်မာ (၁) အုပ်စုတွင် အမိုးလန် (၁၆) လုံး၊ ပြိုလဲ (၁) လုံး၊ အောင်ရတနာအုပ်စုတွင် အမိုးလန်နေအိမ် (၃၃) လုံး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမိုးလန် (၂) ကျောင်း၊ ကျွန်းကလေးအုပ်စုတွင် အမိုးလန် (၁၁)လုံး၊ ပြိုလဲ (၁)လုံး၊ အောင်ဇေယျာ အုပ်စုတွင် အမိုးလန် (၃၆)လုံး၊ ပြိုလဲ (၁)လုံး၊ လက်ပံပင်စုအုပ်စုတွင် အမိုးလန် (၁၁)လုံး၊ အောင်သာယာအုပ်စုတွင် အမိုးလန် (၂၆)လုံး၊ ပြိုလဲ (၁)လုံး၊ ဆီဆုံကုန်းအုပ်စုတွင် အမိုးလန် (၇)လုံး ပျက်စီးခဲ့ပြီး စုစုပေါင်း ရပ်ကွက် (၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀) အုပ်စုတွင်  အမိုးလန်နေအိမ် (၂၁၈)လုံးနှင့် ပြိုလဲနေအိမ်(၉)လုံး၊စာသင်ကျောင်း (၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်း အမိုးလန် ပျက်ဆီးဆုံးရှုံးမှုများ ရှိကြောင်း၊  လူနှင့်တိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှုမရှိ‌ခဲ့ကြောင်း  သိရသည်။


အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်ဆွေမျိုး သားချင်းများမှ နေထိုင်စားသောက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဝေယံဖြိုး 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)