ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဧပြီ ၂၈

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယမန်နေ့က မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဆိုင်ဧရိယာအတွင်း အရောင်းဆိုင်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်း၊ မြေထိန်းနံရံများနှင့် အုတ်တံတိုင်းခြံစည်းရိုးများ ကာရံခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မီးသတ်ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရေး၊ လူနေမှုစနစ်မြင့်မားစေရေးအတွက် ရေနံဓာတ်ငွေ့ရည်ကို တွင်ကျယ်စွာအစားထိုး အသုံးပြုလာနိုင်စေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းကိုက်ညီမှုရှိစေရေးနှင့် ဘဏ္ဍာငွေလေလွင့်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လာမည့် မိုးရာသီတွင် သီးပင်၊ စားပင်နှင့် အရိပ်ရလေကာပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ရေနံဓာတ်ငွေ့ရည်ကို သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)