ကျောက်တန်းမြို့နယ်၌ မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားသော နွေစပါးများအား စံကွက်ရိတ်သိမ်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်တန်းမြို့နယ်၌ မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားသော နွေစပါးများအား စံကွက်ရိတ်သိမ်း


%E1%81%82%E1%81%88


ကျောက်တန်း ၊  ဧပြီ  ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန် တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စပါးအထွက်နှုန်းတိုးတက်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများနှင့် စပါးမျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများ စံကွက်ရိတ်သိမ်းပွဲကို ကျောက်တန်းမြို့နယ် ညောင်၀ိုင်းကျေးရွာ၊ တောင်သူဦးစန်းလင်း၏ စိုက်ဧက- ၁၀ ဧက စံပြစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စိုက်ပျိုးဦးစီးဌာနဦးစီးမှူး ဦးမျိုးသန်းမှ တစ်ဧကပန်းတိုင်အထွက်တိုးရရှိရေးအတွက် အသ်ိပညာပေးပြောကြားကာ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးဌေးမှ စပါးမျိုးစေ့ချကရိယာအသုံးပြုခြင်းရခြင်း၏ အကျိုးကျေးဇူးတို့ကို အသိပညာပေးရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်၀င်းနှင့် ခရိုင်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော တောင်သူဦးကြီးများ တက်ရောက်ကြသည်။

ဆက်လက်ပြီး စပါးမျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို တောင်သူ ဦးစန်းလင်း၏ ကွင်းအမှတ် (၆၂၂A) နွေးစပါးစံကွက်ကျင်းပရာ (၁၀) ဧကကို စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် မှော်ဘီ (၃) စပါးစံကွက်ရိတ်သိမ်းကြပြီး တစ်ဧက အစိုအထွက်နှုန်းအနေဖြင့် အထွက်နှုန်းကောင်း ၁၅၃.၄၈ တင်း၊ အထွက်နှုန်းသင့် ၁၂၅.၃၄ တင်း၊ အထွက်နှုန်းညံ့ ၉၉.၈၆ တင်းဖြစ်၍ ပျမ်းမျှထွက်နှုန်း၁၂၆. ၂၃ တင်းနှုန်းထွက်ရှိကြောင်း သတင်းရရှိသည်။


နေလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages