ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ်တွင် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ်တွင် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

 




ဒေါပုံ ဧပြီ ၃


ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဧပြီလ(၁)ရက်နေ့ညနေ (၅)နာရီအချိန်က ပြသာဒ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို “နမောတဿ”  (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သြဝါဒစရိယ ပြဿဒ်ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။  ဆက်လက်၍ ဒေါပုံမြို့နယ် သံဃနယက အကျိုးတော်ဆောင်ဆရာတော် ဦးဇောတိကက အနုမောဒနာ ဂါထာတော်ရွတ်ဖတ် ပူဇော်ပြီးနောက် သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူတော်ငွေများ ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။ ယင်းနောက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးသောပါကမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဦးနန္ဒာ သီရိက နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခဲ့ပြီး အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံတိဌတု “ ( ၃) ကြိမ် ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ပူဇော်ပွဲကို ဒေါပုံမြို့နယ်တွင် (၂၇-၃-၂၀၂၄) ရက်နေ့မှ (၁-၄-၂၀၂၄) ရက်နေ့အထိ (၅) ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ပြီး နေ့စဥ် သံဃာတော်အရှင်သူမြတ်များအား  ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍ လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ချစ်စုဝေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)