အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ ကလေးငယ်များအား မြန်မာ့ရိုးရာအဆင်လာအတိုင်း သာသနာ့ဘောင်သို့ သွတ်သွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ ကလေးငယ်များအား မြန်မာ့ရိုးရာအဆင်လာအတိုင်း သာသနာ့ဘောင်သို့ သွတ်သွင်း

 




ရန်ကုန်  ၊  ဧပြီ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သိရီကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ) Ph.D (Social Science), Ph.D (Vipassan Bhvan) Thailand နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ဘွဲ့တံဆိပ်တော်ရ ပြည်တွင်းပြည်ပ ကမ်ဘာ့ဗုဒ္ဓသာသနာပြု၊ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်အား အမှူးထားပြီး ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်အထက်တန်းကျောင်း မိသားစုမှစုပေါင်း၍ ကလေးငယ်များအား မြန်မာ့ရိုးရာအဆင်လာအတိုင်း သာမဏေရပဗ္ဗဇ္ဇသာသနာ့ အမွေခံရှင်ပြုအလှူတော်၊ သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းမင်္ဂလာအခမ်းနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း၌ ပြုလုပ်ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ အခမ်းနားသို့ တက်ရောက်လာကြသည့် သံဃာတော်များ၊ အလှူရှင်မိသားစုများနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းနားဖွင့်ခဲ့ကြသည်။ ထို့နောက် ဧည့်ပရိတ်သတ်များက အောင်ဆန်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည့်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးခြင်းများ ဆောင်ရွက်ပြီး အခမ်းနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အခမ်းနားကို ရပ်နားခဲ့ကြသည်။

အလှူတော်မင်္ဂလာကို အလှူရှင်ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း မိသားစုများက စုပေါင်း၍ ဧပြီ(၂၈)ရက်နေ့မှစတင်ကာ အောင်ဆန်းဆရာတော်ကြီးအား သိက္ခာတော်ထပ် မင်္ဂလာအခမ်းအနားပြုလုပ်ပြီး သာမဏေရပဗ္ဗဇ္ဇသာသနာ့အမွေခံရှင်ပြုအလှူတော်မင်္ဂလာကို မြန်မာ့ရိုးရာအစဉ်လာအတိုင်း သာသနာ့အမွေခံယူကြမည့် ကလေးငယ်များ ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် ရှင်းလောင်းလှည်လည်ခြင်း၊ ဘိသိတ်သွန်းမင်္ဂလာပြုလုပ်ပြီး ကလေးငယ်များအား သာသနာ့ဘောင်သို့သွပ်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ကျင်းပပြုလုပ်သည့် သာမဏေရပဗ္ဗဇ္ဇသာသနာ့အမွေခံရှင်ပြုအလှူတော်မင်္ဂလာကို ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုက စုပေါင်း၍ အောင်ဆန်းဆရာတော်ကြီးအား အမှူးထားပြီး သာသာတော်တည်တန့်စေရန် ရည်သန်ပြီး ကလေးငယ်(၅၄)ဦးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)